ဆိုင်ကယ်စီးနေရတာ ကြာလာတော့ ပျင်းပျင်းရှိလာတာမို့ သူမစာမရေးတော့ပဲ မြတ်ဘုန်းရဲ့နောက်ကျောကို လက်ညှိုးနဲ့လက်မကပ်ကြေးပုံသဏ္ဌာန်လုပ်ပြီးဆော့ကစားနေလိုက်သည်။
ဆောင်းတို့နဲ့ဆို ဆိုင်ကယ်စီးရင်း စကားတပြောပြောနဲ့ဆိုတော့ မပျင်းရပါ။မြတ်ဘုန်းကတော့ ဆိုင်ကယ်စီးရင် စကားမပြောတတ်။
သို့သော်လည်း သူမက မနေနိုင်တာမို့...
"မြတ်ဘုန်း နင်သိလား..."စ,ပြီး စကားစရှာလိုက်ပေမယ့် တဖက်က ဘာမှတုန့်ပြန်မှုမရှိ။ သို့သော်လည်း အလျော့မပေးပဲ သူမကပဲဆက်ကာ...
"ငါတို့ မေဂျာ ဂိုးရခဲ့တာလေ။
တဖက်အသင်းက ဘူမိနော်...အဲ့က ကောင်တွေက လူသန်ကြီးဆိုလာမသိဘူး ပါတယ်၊ ဒါပေမယ့်လည်း ငါတို့ကို ဂိုးပေးလိုက်ရတာပါပဲ။ပြီးတော့ ဂိုးသွင်းတာက သော်တာလေ..သော်တာကလေ တအားနဲ့ ချောတာပဲ"ပါးစပ်ကလည်းပြော ၊ လက်ကလည်း တစ်ချက်ကလေးမှ အငြိမ်မနေပဲ မြတ်ဘုန်းရဲ့ကျောပြင်ကို ဆော့ကစားနေသည်။သို့တိုင် မြတ်ဘုန်းဆီက အသံထွက်မလာပါ။
"အကွေး..."
သူမတို့ဆိုင်ကယ်နားကို ရောက်လာတဲ့အခါ ဆောင်းက သူမနာမည်ကို အော်ပြီး နောက်မှာထိုင်နေတဲ့ မိုးဟိန်းက သူမကို လက်ကမ်းပေးသည်။ ထိုကြောင့် သူမလည်း မိုးဟိန်းလက်ကို တွဲဖို့အလုပ်မှာ...
"အန္တရာယ်များတယ် အကွေး" နောက်ဆုံးတော့ မြတ်ဘုန်းရဲ့ အသံထွက်လာပါပြီ။"ဘာမှမဖြစ်ဘူး အကွေး၊
နင့်အကိုကြီးတွေက ဆရာကြီးတွေပဲ
ရဲရဲသာ တွဲလိုက်"
ထုံးစံအတိုင်းပဲ ဆိုင်ကယ်စီးနေရင်းက သူငယ်ချင်းမကိုမြှောက်ပေးနေတဲ့ ဆောင်းသခင်ပါ။ဆောင်းရဲ့စကားကြောင့် အကွေးလည်း မိုးဟိန်းလက်ကို ဆွဲယူလိုက်ပြီး နောက်လက်တစ်ဖက်ပါ ထုတ်ကာ လေရဲ့အရသာကို ခံစားနေသည်။
လေရဲ့ အရသာဆိုတာထက် မြတ်ဘုန်းဆီကနေ ရတဲ့ ကိုယ်သင်းရနံ့ကို ရှူရှိုက်နေတာဆိုပိုလို့မှန်မည်။ အရပ်ရှည်တဲ့ မြတ်ဘုန်းက ဆိုင်ကယ်စီးနေသည့်တိုင် အကွေးထက် အရပ်ပိုမြင့်သည်။ သူမရဲ့မျက်နှာက မြတ်ဘုန်းရဲ့ လည်ဂုတ်လောက်သာ ရှိပြီး မြတ်ဘုန်းရဲ့ ကျောပြင်အကျယ်ကြီးက ရှေ့ကနေကြည့်လျှင် ရုတ်တရပ်သူမကို မမြင်နိုင်လောက်ပါ။
VOUS LISEZ
ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)
Poésieအချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။