အပိုင်း (၂၈)

13.2K 505 26
                                    

ရုပ်ရှင်ရုံကနေ အိမ်ကိုပြန်ရောက်လာသည့်အချိန်မှာတော့ အကွေး ချက်ချင်းပဲ အင်္ကျီလဲလိုက်သည်။အင်္ကျီလဲပြီး သူမ အခန်းပြင်ကိုထွက်လာတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ အဝန်းမျက်နှာက ငူငိုင်ငိုင်။

"အဝန်း ငါမေးမို့....."

"အင်း "

"ကဗျာ ဘယ်လိုစပ်ရလဲဟင်။"

"ဒီတိုင်းပဲ လေ့လာရတာပေါ့၊ တစ်ချို့တွေကျတော့လည်း နဂိုပါရမီ ရှိတော့ ရွတ်သမျှက ကဗျာလိုလို၊ အလင်္ကာလိုလိုနဲ့ ဖြစ်နေတတ်တယ်"

"အသံကောင်းအောင် ဘယ်လိုလုပ်ရမလဲ။"

"ခေါင်းလောင်လှူလိုက်ဟေး..."

အဝတ်လဲပြီး ဆင်းလာပြီဖြစ်တဲ့ ကြယ်စင်လင်းက အဝန်းအစားဖြေပေးလိုက်သည်။

အလင်းရဲ့အဖြေစကားကြောင့် အကွေးကချက်ချင်းပင် အလင်းဘက်သို့လှည့်ကြည့်လိုက်ပြီး...
"ဒါဆို မင်းကွန်းခေါင်းလောင်းကြီး လှူတဲ့သူများ ပြန်ဝင်စားတာလား မသိဘူး၊ "

"ဘယ်သူလဲ.."
အားတက်သရောနဲ့ပင် အဝန်းမေးမိသည်။

ငအူရဲ့မေးခွန်းတွေက တစ်ခုခုကို ဦးတည်နေပြီ။ ဒီဦးတည်ချက်ကိုလည်း အဝန်းဘက်က ခံစားမိနေပြီမို့ မေးလိုက်မိသည်။

"မသိဘူးဟ.....ရုပ်မမြင်ရဘူး၊ အသံကလည်း ငါပဲကြားလိုက်ရတာ။ ကြည့်ရတာ ရုပ်ရှင်ရုံမှာ သရဲရှိနေပြီထင်တယ် ။ အရင်က ကားကွင်းဆောက်မည့်နေရာမှာပဲ သရဲရှိတာပါ။ သရဲတွေအိမ်ပြောင်းလာတာများလား...."

ရမည်းသင်းမှာ ကားကွင်းဆောက်ဖို့ရန်အတွက်ဆိုပြီး မြို့ပြင်က သုသာန်ကိုဖြိုပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ စ,ကြသည်က အကွေးတို့ တတိယနှစ်စတတ်ခါစမှာဖြစ်သည်။ ၆လနီးပါးလောက် ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ပြီးနောက်မှာတော့ အကြောင်းပြချက်မရှိပဲ ထိုနေရာမှာ ဆောက်လုပ်နေခြင်းတွေကို ရပ်လိုက်ကြသည်။

နောက်ပိုင်းမှ သတင်းတွေပျံ့လာသည်က သေသူတွေက သူတို့မြေကို လာထိလို့ ပညာပြကြတယ်ဆိုလား၊ သရဲခြောက်တယ်ဆိုလား....စသည်ဖြင့် ထိုနေရာသည် သရဲခြောက်သည်ဟု နာမည်ကြီးသွားသည်။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Donde viven las historias. Descúbrelo ahora