Part 6 (U+Z)

400 10 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၆) --------

​ကြားလိုက်ရသည့်စကားအတွက်
ထားထားမှာ ကိုယ့်နားကိုယ်ပင်မယုံနိုင်။
ကိုလေးက ထားထားအပေါ်
ဒီလောက်တောင်မှ လုပ်ရက်သည်တဲ့လား။

"မေမေ့ကို ငါပဲပြောလိုက်မယ်
နယောကိုအဖော်ပြုပေးဖို့က မင်းမဟုတ်ဘဲ
အခြားတစ်ယောက်ဆိုလည်း
အဆင်ပြေတာပဲလေ"

"......"

ပြောပြီး လှည့်ထွက်သွားဖို့
ပြင်နေသည့် ကိုလေးကြောင့်
လဲကျနေရာမှကမန်းကတန်းထလို့
ကိုလေးရှေ့ပိတ်ရပ်ကာ ထားထား
ဒူးထောက်ထိုင်ချလိုက်တော့သည်။

"ဘာလုပ်တာလဲ..
ငါ့ရှေ့ကဖယ်စမ်း ထားထား "

"ထားထား တောင်းပန်ပါတယ်ကိုလေးရယ်
ထားထားကို နှင်မထုတ်ပါနဲ့နော်
နယောလေးကို ထားထားမခွဲနိုင်လို့ပါ"

"ထားထား!! "

"နောက် မဖြစ်စေရဘူးလို့ ထားထား
ကတိပေးပါတယ်
နောက်ဆို ဒီအိမ်ထဲက ကိစ္စမှန်သမျှကို
အပြင်လူ ဘယ်သူမှမသိစေရပါဘူး
မေမေသက်လည်း မသိစေရပါဘူး
ထားထားကို နှင်မထုတ်ပါနဲ့နော်
ထားထား ကိုလေးကို ကန်တော့ပြီးတော့လည်း
တောင်းပန်ပါ့မယ် "

လက်အုပ်ချီကာ Rainအားကန်တော့လို့
တောင်းပန်နေသည့်ထားထားက
မျက်ရည်တွေလည်း အရွှဲသားနှင့်ပင်။

"ကောင်းပြီလေ.. ဒီတစ်ခါတော့ ရှိစေတော့၊
နောက်တစ်ခါထပ်ဖြစ်လာရင်တော့
ငါ ခွင့်လွှတ်ပေးတော့မှာမဟုတ်ဘူးနော် "

"ဟုတ်..ဟုတ်ကဲ့ ကိုလေး
ကျေးဇူးတင်ပါတယ်..
ထားထား ကတိပေးတယ်
နောက်ကို မဖြစ်စေရပါဘူး"

ထားထားက ဝမ်းသာစွာဆိုရင်းက
မျက်ရည်တွေကို ပွတ်သုတ်လိုက်သည်။

ဘေးနားမှ ဖြတ်လျှောက်သွားသည့်
ကိုလေးကိုတော့ဖြင့်၊ ထားထားက
ယောင်လို့ပင် လှည့်မကြည့်မိတော့ပါ။

ကိုလေးနဲ့ပတ်သတ်ပြီး
ထားထား မှတ်သားထားသမျှထဲတွင်
အကြောက်တရား တစ်ခုကိုပါ
မှတ်ကျောက်တင်ရင်းနဲ့
တစ်ခါတည်း မျိုးစေ့ချခဲ့တော့သည်။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now