Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၅) --------
လှေကားမှဆင်းလာသည့်နယောက
ဧည့်ခန်းရော၊ ထမင်းစားခန်းဘက်တွေပါ
လိုက်ကြည့်နေရင်း မျက်လုံးများက
ဂနာမငြိမ်။"နယော နိုးလာပြီလား..
မနက်စာ စားတော့မလား""ထားထား.. ကိုကိုရော"
ထားထား အမေးအားမဖြေနိုင်၊
နိုးကတည်းက ကိုကို့အားမမြင်မိတာမို့
နယော မေးမိတော့သည်။"အကိုလေးက အလုပ်သွားပြီလေနယောရဲ့"
"ဟင်.. အစောကြီးရှိသေးတာကို"
ဧည့်ခန်းထဲက တိုင်ကပ်နာရီအားလှမ်းကြည့်တော့
လက်တံတိုက 'ရှစ်'အား ညွှန်ပြနေသည်။
ရုံးသွားဖို့ဆို အစောကြီးရှိသေးတာမဟုတ်လား။"မနက်စာရော စားသွားသေးလား"
"မစားဘူးနယော၊ အပြင်မှာပဲစားမယ်ပြောတယ်
အကိုလေးကြည့်ရတာ အခုတလော
ကုမ္ပဏီမှာ အလုပ်တွေတော်တော်ရှုပ်ပုံပဲ
မနက်ဆိုလည်း အစောကြီးထပြီး ရုံးသွားရတယ်
ပြန်လာရင်လည်း အတော်လေးနောက်ကျမှ "ထားထားပင် သတိထားမိကာပြောလာတော့
နယောမျက်နှာလေး မှုန်ကုပ်ကုပ်ဖြစ်ရပြီ။
အရင်ကတော့ အမှုမဲ့အမှတ်မဲ့သာပေမဲ့
ခု သတိထားမိလာတော့
ကုမ္ပဏီမှာ ပြဿနာပေါ်နေလို့လားတွေးကာ
စိုးရိပ်စိတ်ကလေးက ခပ်ပါးပါးနှင့်။"မေမေလည်းမရှိတော့
ကိုကိုတစ်ယောက်တည်းနဲ့
ပင်ပန်းနေမှာပဲ~ "စိတ်ပူစွာ နယော ဆိုမိပါ၏။
......
"မောင်ကြိုက်တဲ့ ပင်လယ်စာထမင်းကြော်လေး
ထည့်စားနော် မောင်... သွေးက
မောင့်ကိုကျွေးချင်လွန်းလို့ မနက်အစောကြီး
ထပြီး ပြင်ဆင်ထားရတာ "ပင်လယ်စာအစုံနှင့်ထမင်းကြော်က
ခုချက်ချင်း မီးဖိုပေါ်ကချလာမှန်းသိသာစွာ
အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်လေး။Rainက သူ့ရှေ့ပန်းကန်ထဲက
ထမင်းကြော်အားကြည့်ကာပြုံးရင်း
ဘေးနားချထားသည့်ဇွန်းကိုကောက်ကိုင်သည်။