Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၅) --------
"ဘ..ဘာလို့ နယောကို
အကျီချွတ်ခိုင်းတာလဲဟင် "မျက်လုံးလေးအဝိုင်းသားနဲ့
အလန့်တကြား ပြန်မေးလာသည့်နယောကို
Rainက ခပ်စူးစူးစိုက်ကြည့်လာရင်း"ဘာတွေကို ပေါက်ကရ
လျှောက်တွေးနေပြန်တာလဲ
ဟင်းနံ့တွေနဲ့ တစ်ကိုယ်လုံးနံစော်နေတာကို
ဒီအတိုင်းကြီး အိပ်ဖို့တွေးနေတာလား...
ရေမချိုးရင်တောင်
ရေပတ်လေးတော့တိုက်မှပေါ့""......."
"ဘာ.. ဘာမှမတွေးတာကို "
အဆူခံလိုက်ရတာမို့
နယောက နှုတ်ခမ်းလေးကို
စူပွပွလုပ်ရင်း မကျေမနပ်ဆိုသည်။
စိတ်ထဲတွင်တော့
ကိုကို့ရဲ့အပြုအမူကောင်းအပေါ်
နားလည်မှုလွဲသလို ဖြစ်သွားရတာကြောင့်
ရှက်စိတ်လေးဝင်လာကာ
ပါးလေးတွေကပါ ထူပူလာသည်မို့
ခေါင်းကို အလျင်အမြန်ငုံ့ချရင်းက
မျက်နှာအားကွယ်လိုက်ရတော့သည်။အကျီချွတ်ရမှာတဲ့လား.. ကိုကို့ရှေ့မှာလေ!!
ထိုသို့တွေးမိတော့
နယော ရင်တော့တုန်ရဆဲ။ကလေးတုန်းကတော့
ကိုကိုနဲ့လည်း ရေအတူချိုးနေကျပဲမို့
ကိုကို့ရှေ့ အကျီချွတ်ရသည်ကို
ရှက်စရာတစ်ခုလို့မထင်ခဲ့။သို့ပေမဲ့ အချိန်တွေကပြောင်းလဲခဲ့သည်မှာ
ကြာပြီဖြစ်သလို
သူတို့နှစ်ဦးစလုံးသည်ပင် ဟိုအရင်လို
မောင်နှမတွေမဟုတ်ခဲ့ကြတော့။Rainကတော့ နယော၏ရှက်ရွံ့နေမှုအား
သတိကျိုးကျွံပြုလို့၊
ရေချိုးခန်းထဲဝင်ကာ ရေဇလုံတစ်ခုဆွဲယူလာပြီး
နယောရှိရာ ကုတင်ဆီသို့ပင်
ပြန်ရောက်လို့ လာခဲ့ပြီ။ကုတင်ပေါ် ပုံ့ပုံ့လေးထိုင်လျက်သားနဲ့
အဝတ်အစားအပြည့်ရှိနေဆဲ နယောကိုမြင်တော့ Rain မျက်မှောင်ကျုတ်ရင်း"ဘာလို့ခုထိ အကျီကမချွတ်ရသေးတာလဲ"
ဖြစ်သင့်တဲ့ကိစ္စတစ်ခုလိုပင်
ပေါ့ပေါ့ပါးပါး ပြောနေနိုင်သည့်Rainကြောင့်
နယောမှာ အရှက်သည်းစွာ
အကျီကိုသာဆုပ်ကိုင်ထားမိတော့သည်။
![](https://img.wattpad.com/cover/205277495-288-k589970.jpg)