Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၄) --------
"အားးး ပူတယ်ကိုကို.. အရမ်းပူတယ် "
ကိုယ်ပေါ်ပြုတ်ကျလာသည့်
ဟင်းရည်ပူပူနှင့်အဖတ်တို့အား နယော
လက်နဲ့ခါထုတ်ရင်းက အားကိုးတကြီးနဲ့
Rainကို တ'မိသည်။ထိတ်လန့်လို့သွားရတဲ့ နယောမှာသာ
ပျာယာခတ်လို့နေသလောက်
Rainကတော့ ရပ်နေမြဲအတိုင်းနဲ့
တုပ်တုပ်မျှမလှုပ်ခဲ့။အမှောင်ဖုံးနေသည့် Rainရဲ့နှလုံးသားက
နယောရဲ့ထိုအပြုအမူအပေါ်
စိုးထိတ်ခြင်း တစ်စုံတစ်ရာမရှိခဲ့ဘဲ၊
ဟန်မူပိုနေခြင်းဟုပင် ထင်နေခဲ့တော့သည်။"ကို..ဟင့်~ ကိုကို "
"ထွက်သွားစမ်းး !! "
"ဟင်! "
အပူလောင်သွားသည့်လက်အား
ဆုပ်ကိုင်လို့ Rainမျက်စိရှေ့
ထုတ်ပြဖို့လုပ်နေသည့် နယောက
Rain၏ အကြင်နာကင်းမဲ့သည့်အကြည့်နှင့်
စကားတို့ကြောင့် တွန့်ဆုတ်စွာပင်
သူမရဲ့လက်အား ပြန်ရုတ်လိုက်ရသည်။နယော အပူလောင်သွားတာလေ ကိုကိုရယ်~
ကိုကို့အချစ်ဆုံး ညီမလေးက
ကိုကို့ရဲ့အရှေ့မှာပဲ အပူလောင်သွားတာလေ~အပူလောင်ဒဏ်ရာတွေကြောင့်ပဲလားတော့မသိ
နယောရဲ့ ရင်ဘတ်ကြီးတစ်ခုလုံးက
ပူလောင်ကာ စပ်ဖျင်းဖျင်းနဲ့
အသက်ရှူမဝသလို တင်းကျပ်ကျပ်ကြီးဖြစ်နေတော့သည်။စိုးရိမ်စကား တစ်ခွန်းပင်မဆိုဘဲ
ကျောခိုင်းလိုက်သည့် ကိုကို့ကျောပြင်ကိုကြည့်ကာ
အပူလောင်သွားသည့်လက်ဖြင့်ပင်
နယော ရင်ဘတ်အားဆုပ်ကိုင်မိတော့သည်။တကယ်တော့လည်း
နယောက ကိုကိုချစ်ရတဲ့
ညီမလေးမှမဟုတ်တော့တာ..၊အဲ့ဒါကြောင့်များ.. ကိုကို ခုလို.....
"သွား! အိမ်ပြန်တော့
နောက်ကိုလည်း ငါ့ဆီဘာမှ
လာပို့ပေးနေစရာမလိုဘူး ""........"
"ကျစ် ..ပြောတာကို ကြားလား?? နယောသံ.... ဟင် !! "
ပြန်မထူးလာသည့်နယောကြောင့်
Rainပြန်လှည့်ကြည့်သည့်အခါ
ထိုင်ခုံပေါ် ခွေခွေလေးနဲ့
နယောလဲကျနေသည်မှာ
ဘယ်အချိန်ကတည်းကပင်မသိ။
![](https://img.wattpad.com/cover/205277495-288-k589970.jpg)