Part 12 (U+Z)

446 7 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၁၂) --------

ပါတီပွဲ ကျင်းပသည့်နေရာက
ဦးတေဇာကျော်၏နေအိမ်
ပထမထပ်နှင့်ခြံဝန်းထဲတွင်ပင်။

Rainတို့ရောက်တော့ ခြံဝန်းထဲမှာရော
သုံးထပ်တိုက်ကြီးမှာပါ လျှပ်စစ်မီးတွေ
မြိုင်ဆိုင်နေအောင်ထွန်းထားပေမဲ့
ည(၇)နာရီ ကျော်ရုံလေးသာရှိသေးသည်မို့
ပါတီပွဲတစ်ခုအတွက်ဆို နောက်ကျသည်ဆိုမရ။

Rainက ဟိုတစ်စုဒီတစ်စု
ကိုယ့်အစုလေးတွေနှင့် နေနေကြသည့်
လူတွေဘေး ဖြတ်လျှောက်လာရင်းက
စပ်စုလိုသည့်အကြည့်အချို့ကို
ခံစားမိသည့်အခါ သူ့နဘေးမှ
နယောအား စောင်းငဲ့လို့ကြည့်မိသည်။

အနေရခက်နေမလားစိတ်ပူမိပေမဲ့
နယောမျက်နှာလေးက ကြည်လင်ကာ
ပျော်နေသည့်ပုံပင် ပေါက်နေသေးတာမို့
သူ စိတ်တော့အေးသွားရ၏။

"လက်ထဲက ဘာလဲ"

အိမ်မှထွက်လာကတည်းက
ထားထားဆီက လက်လွှဲယူလိုက်သည့်
အထုတ်ငယ်အားရည်ညွှန်းကာ သူမေးတော့
နယောကသူ့အားမော့ကြည့်လို့
ပြုံးပြလာပြီး၊

"ဒါလား!..ဒါကအရုပ် ကိုကို
ကလေးမွေးနေ့ဆိုတော့ အရုပ်ကလေး
လက်ဆောင်ပေးမလို့လေ
ကိုကိုဖုန်းလှမ်းဆက်ကတည်းက
ထားထားကို သွားဝယ်ခိုင်းလိုက်တာ၊
hello kittyအရုပ်လေး..
ကလေးကြိုက်လောက်တယ်မဟုတ်လားဟင်"

ပွဲအခမ်းအနားတွေအား
နယော သိပ်မသွားဖြစ်ပေမဲ့လည်း
လက်ဆောင်ပေးဖို့ကိုတော့ နယောက
သတိတရနဲ့ပြင်ဆင်လာမိသည်။
ဒါက တကယ်ရောအဆင်​ရဲ့လား
မသိပေမဲ့လို့ပေါ့....

"အဲ့လိုဟာတွေမလိုပါဘူး..."

"ဟမ်...ကိုကို ဘာပြောလိုက်တာလဲဟင်
နယော မကြားလိုက်လို့.."

ပါတီပွဲက တီးလုံးသံတွေကြောင့်
နယောမကြား၍ ပြန်မေးလိုက်၏။

နယော၏စိတ်အားထက်သန်နေသည့်
အမူအယာလေး​ကိုကြည့်ရင်း
Rainက ခုနပြောခဲ့သည့်စကားအား
ပြန်မပြောချင်တော့ဘဲ လည်ချောင်းထဲသာ
ပြန်မျိုချလိုက်တော့သည်။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now