Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛🚨
-------- အပိုင်း (၂၇) --------
ချပ်...
နယောအထဲရောက်ပြီးပြီးချင်းပင်
ပိတ်သွားခဲ့သည့်တံခါးချပ်ကြောင့်
အခန်းဟာ မှောင်အတိမဲလျှက်။"လွှတ်! နယောကိုလွှတ်!! "
နယောက ထိတ်လန့်တကြားလေးဖြစ်သွားရပေမဲ့
အသိကပ်တာနှင့်ပင် သူမရှေ့မှရင်ဘတ်အား
အားရှိသလောက်ကို ထုရိုက်ပစ်တော့သည်။ဘုန်းး! ဘုန်းး!
နယော ဘယ်လိုပင်ထုရိုက်ရိုက်၊
နယောကိုပွေ့ဖက်ထားသည့် ထိုလက်တွေက
နည်းနည်းမှကိုပြေလျော့မသွားသည့်အပြင်
ပိုတိုး၍ပင် ဖက်လာပြန်တာမို့
နယောမှာ အသက်ရှူလို့ပင်မဝချင်တော့။"ကိုကို! လွှတ်! နယောနာတယ်လို့... ဟင့် အဟင့်"
သေးသေးကွေးကွေး ခန္ဓာကိုယ်လေးက
သန်သန်မာမာယောကျာ်းအားနဲ့
ဆွဲညှစ်ခံထားရသည့်အခါ
နယောကနာကျင်လာတာကြောင့်
မငိုဘဲနဲ့မနေနိုင်တော့။နယောငိုသံအားကြားတော့မှ
Rainက သူ့လက်အားကိုအနည်းငယ်
ဖြေလျော့ရင်း အောက်သို့ငုံ့ကြည့်လာသည်။
နယောရဲ့ငိုသံက သူ့နားထဲ
ကြောင်ပေါက်ကလေး အော်မြည်နေသလို
ဖြစ်နေခဲ့ပြီး သူ့နှလုံးသားအား
လက်သည်းချွန်ကလေးတွေနဲ့
ကုပ်ခြစ်နေသလိုပင် တရွရွဖြစ်စေသည်။
ထိုအသံလေးကြောင့်နဲ့
ညိမ်းသက်ပြီးလုလု သူ့ရမ္မက်မီးတွေဟာ
တစ်ဖန်ပြည်လည်လို့ ထကြွလာရပြန်သည်အထိ။Rainကမပြောမဆိုပင် နယော၏ကိုယ်လေးအား
ဆတ်ခနဲကောက်ပွေ့လိုက်တာမို့
ငိုနေရင်းနဲ့မှ နယောမှာအလန့်တကြားလေးဖြစ်ကာ
Rainရဲ့ကျောပြင်အား ကုပ်ဖက်တွယ်ထားလိုက်ရသည်။
Rainက နယောကို ချီမ,လာရင်းမှ
အခန်းအတွင်းသို့ဝင်လာကာ
အိပ်ယာပေါ်သို့တင်သည်။
အရက်ကြောင့်ရော ဆေးအရှိန်ကြောင့်ပါရောကာ
ပုံမှန်အသိစိတ်တော့ ကပ်ပုံမရ။အိပ်ယာဘေးကမီးအိမ်အား လှမ်းဖွင့်ကာ
သူ့ကိုယ်ပေါ်မှအဝတ်တွေအား
ဆွဲချွတ်ပြန်သည်ကိုမြင်တော့
နယောက ကပျာကယာ မျက်ရည်တွေအား
ပွတ်သုတ်ရင်းက၊