Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၀) --------
"နယော ! "
လက်ထဲကဆေးထုပ်ကိုပင်ပစ်ချပြီး
နယောဆီ အပြေးလာကာ
ထွေးဖက်လိုက်သည့်Rainက
အတော်လေးကို စိုးရိမ်နေသည့်ဟန်။"ကိုကို~ နယော တောင်းပန်ပါတယ်နော်
တကယ်မရည်ရွယ်ပဲ ဖြစ်သွားတာပါ~
နယော တမင်သက်သက်
လုပ်လိုက်တာမဟုတ်ပါဘူး~ "Rain အနားရောက်ရောက်ချင်းပင်
နယောက ထိုစကားအား
အလောတကြီး ပြောလာသည်။
စိုးထိတ်နေမှုကြောင့်ဖြစ်မည်ထင်သည်။
နယော၏တစ်ကိုယ်လုံးက ပျော့ခွေကာ
မတ်မတ်ရပ်ဖို့ရန်ပင် အားကမရှိ။ရေခွက်ထဲကျသွားသည့်ဖုန်းအား
ရည်ရွယ်ကာ နယောပြောနေမှန်းသိပေမဲ့
Rainကခုချိန်မှာ ထိုအရာအားဂရုမစိုက်နိုင်ခဲ့။
ဖြူဖျော့နေသည့် နယောမျက်နှာအားကြည့်၍သာ
ဂရုဏာဒေါသက ဖြစ်ရပြန်ပြီး၊"ပြောစကားကို နားမထောင်ပါလား..နယောသံ
အားမရှိသေးတာကို ဘာလို့
အကြာကြီးမတ်တပ်ရပ်နေရတာလဲ
ထပ်ပြီးလဲကျသွားရင် မင်း ဘယ်လိုလုပ်မလဲ
ဘာဖြစ်လို့များ စိတ်ချလက်ချနဲ့
ထားခဲ့လို့ကို မရရတာလဲ.."Rain၏စကားတစ်ခွန်းချင်းစီက
စိုးရိမ်မှုတွေပါဝင်နေတာ အထင်အရှားပေမဲ့
နူးနူးညံ့ညံ့လေးမဟုတ်နေတော့
ဆူပူသလိုသာ ဖြစ်နေတော့သည်။နယောက မျက်နှာလေးငယ်ကျသွားရင်း
Rainရဲ့အကျီစလေးအား ဆုပ်ကိုင်လာ၏။နှလုံးသားထဲမှာတော့ ကိုကို့အား
ဆုံးရှုံးလိုက်ရမှာကိုစိုးတဲ့စိတ်နဲ့သာ
ငိုချင်နေသည်။"န..နယောက~ ကိုကိုတစ်ယောက်တည်း
ပစ္စည်းတွေသိမ်းနေရတာကြည့်ပြီး
နည်းနည်းဖြစ်ဖြစ် ကူချင်လို့... "ကျစ်!
ဖြစ်နိုင်ရင် ခုအခြေအနေမှာ
သူမကို ကိုယ်လက်လှုပ်ရှားဖို့ကိုတောင်မှ
သူက လုပ်စေချင်တာမဟုတ်။
ဒါကိုပင် ကိုယ့်အခြေအနေအား
နားမလည်တတ်သည့်သူမကြောင့်
သူ့မှာ စိတ်ပျက်မှုတို့နှင့်အတူ
စိတ်မချလည်း ဖြစ်ရပြန်တော့သည်။
![](https://img.wattpad.com/cover/205277495-288-k589970.jpg)