Part 20 (U+Z)

459 7 0
                                    

Unicode

🎶 နှလုံးသားရဲ့ ဂီတ 💛

-------- အပိုင်း (၂၀) --------

"အဲ့ကောင်လေး... "

"....."

မတုန်မလှုပ်နှင့် အတွေးထဲနစ်နေခဲ့သည့်နယောက
Rainအသံကြားမှမော့ကြည့်လာပေမဲ့
Rainက ဘာကိုမှ ဆက်မပြောလာခဲ့။

"...ကိုကို ဘာပြောတာလဲ~"

"ဘာမှမဟုတ်တော့ဘူး"

တစ်ဖက်ပြန်လှည့်သွားတဲ့နယောကိုကြည့်ရင်း
Rainက မျက်မှောင်ကျုတ်လိုက်မိသည်။

တကယ်က၊ ဇိုင်းနဲ့မပတ်သက်ဖို့ကို
နယောကိုပြောချင်တာပေမဲ့
အကြောင်းပြချက်အား သူမ,သာမေးခဲ့ရင်
သူဘာပြန်ဖြေရမှန်းလည်း မသိနေပေ။

ဒီအတိုင်း သူ့စိတ်ထဲကနေ
ထိုကောင်လေးအား သဘောမကျနေရုံသာဖြစ်ပြီး
ထိုသို့ဖြစ်မိသည်ကလည်း အခုမှမဟုတ်နေ။
နယော၏အလယ်တန်း၊အထက်တန်းတစ်လျှောက်
နယောဘေးနား တပူးတတွဲတွဲမြင်နေရကတည်းက
ဖြစ်နိုင်သလို... ထို့ထက်စောပြီး မေမေ
ထိုကောင်လေးအားနယောနှင့်ရည်ရွယ်ထားသည်ဟု
သူ့ကိုတိုးတိုးတိတ်တိတ်ခေါ်ပြောစဥ်
ကတည်းကလည်း ဖြစ်နိုင်ပေသည်။

"အပြင်တွေ လျှောက်လျှောက်ပြီးမသွားနေနဲ့
စားချင်တာရှိရင် ကိုယ့်ကိုဖုန်းဆက်ပြီးမှာလိုက်"

"ဟုတ်~"

နယောက ခေါင်းငုံ့ကာဖြေလိုက်ပေမဲ့
တက်တက်ကြွကြွတော့ မရှိနေ။
အပေါ်မော့ကြည့်ပြီးမှ အိမ်ရှေ့သို့
ရောက်နေပြီမှန်းသိကာ လက်ကိုင်အားတွန်းဖွင့်လို့
ကားပေါ်မှဆင်းလိုက်တော့သည်။

"ကိုယ်သွားတော့မယ်"

"ကိုကို..."

"ဟင်"

နောက်ဆုတ်နေပြီဖြစ်သည့်ကားကို
ခဏရပ်ကာ Rainကလှည့်ကြည့်သည်။

"...နယော စောင့်နေမယ်နော်..."

"....."

နယော ဘာကိုဆိုလိုချင်မှန်း သူ မသိသော်ငြား
ခေါင်းကိုတော့ ညိတ်ပြလိုက်မိ၏။

Rain၏ကား ခြံထဲမှထွက်ကာ
လုံးဝကွယ်ပျောက်သွားမှသာ
တင်းထားသည့်စိတ်အား လွှတ်ချပြီး
ထိုနေရာမှာပင် နယော ထိုင်ချမိသည်။

နှလုံးသားရဲ့ ဂီတ(နှလုံးသားရဲ့ ဂီတ)Where stories live. Discover now