Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၁၇) --------
"Rainလာပြီ!! "
"လာပြီလား!! သူ ဒီနေ့ရော
ဘာကားစီးလာတာလဲ ""Porscheကြီးဟ!! မိုက်လိုက်တာ..
ကိုယ်တိုင်မောင်းလာတာထင်တယ်
ကားပါကင်မှာ ရပ်သွားပြီ""ငါ စကားသွားပြောချင်တယ်
handmadeကီးချိန်းလေးလည်း ပေးချင်လို့
သူ လက်ခံလောက်လား..""လာနောက်နေတာလား..!!
သူက ဘယ်မိန်းကလေးရဲ့ပစ္စည်းကိုမှ
လက်ခံတာမဟုတ်ဘူး
the whole queenကိုတောင် ငြင်းပစ်တာတဲ့ ""ဟယ်..."
ပြတင်းပေါက်နား စုရုံးကာ
ပြောနေကြသည့် စကားသံတွေကြောင့်
သွေးမျက်နှာလေး ညှိုးကျသွားရသည်။နာမည်ထိုးထားသည့်လက်ကိုင်ပဝါလေးကိုတော့
လွယ်အိတ်ထဲသို့သာ ပြန်ထိုးထည့်ထားလိုက်သည်။
တစ်ယောက်ယောက်သာမြင်သွားခဲ့ရင်
ရှက်စရာကောင်းနေလိမ့်မည်။ထိုင်ခုံအစွန်းဘက် ကပ်ထားသည့်
မွေးနေ့ကိတ်လေးအားကြည့်မိတော့
နှုတ်ခမ်းလေးကိုသာ ဖိကိုက်မိတော့၏။ဒီနေ့က သွေးရဲ့(၁၇)နှစ်ပြည့်မွေးနေ့..
ဒီနေ့မှာသွေးက တိတ်တခိုးချစ်နေရသူအား
သူမဘက်က ဖွင့်ပြောဖို့ကိုပြင်ဆင်လာခဲ့ပေမဲ့
ကြည့်ရသလောက်တော့
မဖြစ်နိုင်တော့ဘူးထင်ပါသည်။တကယ်တမ်းကျ သူမမှာအဲ့လောက်ထိ
သတ္တိမရှိသလို... အငြင်းသာခံရရင်ဆိုတဲ့
ရှက်စိတ်ကြောင့်နဲ့ မဝံ့ရဲခဲ့...။ဒီအသက်အရွယ်ထိကို သူမဘက်ကသာ
လာပိုးပန်းသမျှ ငြင်းထုတ်ပစ်ခဲ့ရတာလေ..။ထမင်းစားနားချိန်..
သွေးက ကိတ်မုန့်ဗူးလေးအားကိုင်လို့
ခရေပင်အောက်က ခုံတန်းလျားလေးဆီ
သယ်လာခဲ့လိုက်သည်။
ကျောင်းတက်ခါစမို့ သူငယ်ချင်းလည်း
မရှိသေးတာကြောင့်
ဒီနှစ်မွေးနေ့ကိုတော့ တစ်ယောက်တည်းပဲ
ကိတ်ခွဲကာဖြတ်သန်းရတော့မည်။ခရေပင်ဆီသို့သွားရာ လမ်းချိုးအားအဖြတ်..
အင့်...
![](https://img.wattpad.com/cover/205277495-288-k589970.jpg)