Chapter 1.1

15.6K 1.3K 40
                                    

Unicode

(လက်ထပ်ကြစို့)

သူမ၏ခန္ဓာကိုယ်အား နေရာပေါင်းစုံမှ ဆွဲထားသလို ခံစားနေရပြီး မျက်လုံးများကလည်း ခြောက်သွေ့ကာနာကျင်‌နေ‌လေသည်။

‌ရေဓာတ်ကုန်ခန်းသွားသော‌ကြောင့် သူမ မူးဝေသွားပုံရ၏။ဘာဖြစ်သွားတာပါလိမ့်?ကျန်ရှိသည့်အားအင်ကိုသုံး၍ ကျိန်းစပ်နေသည့်မျက်လုံးကို ယွီသုံဖွင့်ကြည့်လိုက်သည်။မျက်လုံးဖွင့်ဖွင့်ခြင်း၌ပင် သူမ၏အရှေ့၌ အရပ်ရှည်ရှည်နှင့်အမျိုးသားတစ်ယောက် ရပ်နေပြီး ‌ထိုသူ၏အနောက်မှအလင်းရောင်သည် ထိုအမျိုးသားအား ရှင်းလင်းစွာမြင်ရခြင်းမှ တားဆီးပိတ်ပင်ထားသည်။

ထိုအမျိုးသားက တစ်စုံတစ်ရာအား ထပ်ခါထပ်ခါပြောနေ‌သော်လည်း တစ်ဖက်လူပြောသည်ကို နားရည်မလည်ခင်အထိ သူမ၏စိတ်ထဲ၌ ရှုပ်ထွေး‌နေခဲ့ရသည်။

" မင်း အဆင်ပြေရဲ့လား? "

ယွီသုံ နားမလည်နိုင်စွာဖြင့် ထိုသူအား ‌ငေးကြည့်မိပြီး ‌တစ်ခုခုမှားယွင်းနေပြီဖြစ်‌ကြောင်းကို သဘောပေါက်လိုက်မိသည်။သူမအနေဖြင့် အသစ်စက်စက်ညဝတ်အင်္ကျီကိုဝတ်ဆင်လျက် သူမ၏တန်ဖိုးကြီးတိုက်ခန်းတွင် လှဲလျောင်းနေသည်မှာ အသေအချာပင်ဖြစ်သည်။
'သူမက ဘယ်လိုလုပ်ပြီး ဒီလိုနေရာစိမ်းမှာ ရုတ်တရက်ထိုင်နေရတာလည်း?' ထိုစ‌ဉ် ‌ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်မိသည့်အချိန် သူမ၏ဦး‌ခေါင်းထက်၌ စကားလုံးကြီးကြီး‌လေးလုံးမြင်လိုက်ရခြင်း‌ကြောင့် ယွီသုံ၏ ရှုပ်ထွေးနေသည့်ဦးနှောက်မှာ ရုတ်တရက်ပျက်စီးသွားသလို ခံစားရလေတော့သည်။

' ရှန်ဟိုင်း ပြည်သူ့ရေးရာဗျုရို '

" ဘာ‌တွေဖြစ်နေတာလည်း? "

ခန္ဓာကိုယ်ကို ဖုန်ခါရန်အတွက် ယွီသုံ မတ်တပ်ရပ်လိုက်‌သော်လည်း သူမ၏ခန္ဓာကိုယ်သည် အလွန်အားနည်းနေသော‌ကြောင့် ယိမ်းယိုင်သွားခဲ့ရသည်။

" မင်းအဆင်ပြေရဲ့လား? " ထိုစဉ် အမျိုးသားတစ်ဦးက အထက်ပါအတိုင်းမေးမြန်းရင်း ယွီသုံအား အလောတကြီး ဆွဲကိုင်ထား‌ခဲ့သည်။

နောက်ဆုံး၌ သပ်သပ်ရပ်ရပ်ဖြင့် ‌နွေးထွေးသည့်အမူအရာရှိ‌သော ထိုအမျိုးသား၏ပုံပန်းသွင်ပြင်ကို သူမ မြင်‌‌တွေ့လိုက်ရသည်။၎င်း၏‌ ‌ရွှေရောင်အနားကွပ်ထားသည့်မျက်မှန်သည် သူ၏ပူပန်သောက‌ရောက်‌နေမှုကို သူမ၏အမြင်အာရုံဆီသို့‌ရောက်ရှိလာခြင်းကိုမူ မဟန့်တားနိုင်ပေ။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now