Chapter 2.1

9.9K 1.2K 59
                                    

Unicode

(အချစ်ဟောင်းအား မီးမြိုက်ပစ်ခြင်း)

နောက်တစ်နေ့မနက်စောစော၌ ထုံးစံအတိုင်း ရှဖန် နိုးထလာခဲ့သည်။ရှဖန်၌ အိပ်ယာမှမထခင် ၂မိနစ်ခန့်မည်သည်ကိုမှ အာရုံမစူးစိုက်ပဲ နေတတ်သည့်အကျင့်ရှိသည်။

ဒါပေမယ့် တစ်ခုခုကတော့ မှားနေပြီ။ဘာဖြစ်လို့မီးခိုးနံ့တွေရနေရတာလည်း?

ရှဖန်တစ်ယောက် မျက်မှန်တပ်ရန်အချိန်ပင်မရှိဘဲ မီးခိုချောင်ထဲမှထွက်လာသည့် မီးခိုး‌ငွေ့များကိုရှာဖွေရန် တံခါးပေါက်ကိုဖွင့်လိုက်သည့်အချိန် ရုတ်တရက် ထိတ်လန့်သွားရပြီး မီးဖိုခန်းအဝင်‌ပေါက်သို့ အပြေးအလွှားသွားကာ မေးမြန်းလိုက်သည်။

" မင်း ဘာလုပ်နေတာလည်း? "

ရှဖန်အ‌နေဖြင့် သူမအားဆူပူရန်အတွက် ပါးစပ်ဖွင့်ရန်ပင်မတတ်နိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ယုတ်‌ပြောင်းဆန်သွားသလို ခံစားရလေသည်။

" ရှင် နိုးလာပြီလား? "

အိုးထဲ၌ တစ်စုံတစ်ရာကို‌လောင်ကျွမ်းနေစေသည့်သူဖြစ်သည့်
ယွီသုံမှာ ယနေ့စိတ်ခံစားချက်အခြေအနေကောင်းနေပုံရပြီး ရှဖန်ဘက်သို့လှည့်၍ 'မင်္ဂလာ‌ပါ'ဟုပါ နှုတ်ဆက်လာ‌လေ၏။

" မင်း ဘာတွေကို မီးရှို့နေတာလည်း? "

" ဓာတ်ပုံတွေရယ်၊လက်မှတ်တွေနဲ့ဒိုင်ယာရီတွေပေါ့ " သူမ၏
လက်ထဲ၌ ဓာတ်ပုံတစ်ပုံကိုကိုင်ထားရင်း ရှင်းပြနေ‌လေသည်။

" ကျွန်မရည်းစားဟောင်းနဲ့အတူရိုက်ခဲ့တဲ့ဟာ‌တွေလေ"

" မင်း ဘာဖြစ်လို့ ဒီလိုမနက်ခင်းအစောကြီးမှာ ပစ္စည်းတွေ မီးရှို့
‌နေရတာလည်း? "

"  ဒီနေ့မနက် ကျွန်မအိပ်ယာထပြီးတော့ အထုပ်အပိုးတွေကိုဖွင့်လိုက်တဲ့အချိန်မှာ ဒီပစ္စည်းတွေကို မြင်လိုက်ရတော့ ဒေါသတွေက ထိန်းချုပ်မရတော့ဘူး။ဒီလို အသစ်စက်စက်လင်မယားရဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့အချိန်‌လေးကို မထိခိုက်အောင်လို့ အချစ်‌ဟောင်းကို မီးမြိုက်ပစ်ဖို့ ဆုံးဖြတ်လိုက်တာ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now