Chapter 36

6.4K 996 16
                                    

Unicode

နှစ်သစ်ကူးမှာ နီးကပ်လာပြီဖြစ်သည်။ရှန်းရှောင်ယွဲ့၏စတူဒီယိုမှာ စီးပွားရေးလောကတွင် အသစ်သာဖြစ်နေသေးသော်လည်း သူမကိုယ်တိုင်ကပင် အလုပ်ကို မနိုင်မနင်းမလုပ်ချင်သော‌ကြောင့် အရာအားလုံးကို လာမည့်နှစ်ထဲသို့ ထည့်သွင်းရန် ရည်ရွယ်၍ သူမလက်ထဲမှဖိုင်ကို ပိတ်ချလိုက်သည်။

နှစ်ဝက်ခန့် အလုပ်ရှုပ်ပြီး‌နောက် ‌သူမတို့သုံးယောက်သည် ကောင်းကောင်းထိုင်၍ စကားမပြောရသည့်အပြင် ညစာလည်း အတူတကွ မစားရသည်မှာ ကြာလှပြီဖြစ်သည်။ထို့ကြောင့် ယနေ့နေ့လည်ခင်း၌ ရှန်းရှောင်ယွဲ့သည် သူမတို့အား အနီးရှိ နာမည်ကြီးစားသောက်ဆိုင်သို့ ဖိတ်ခေါ်ထားသည်။

" ကိုယ်ဝန်ဆောင်တွေက spicy foodကြိုက်တယ်ဆိုရင် မိန်းကလေးမွေးလိမ့်မယ်လို့ လူ‌တွေပြောကြတယ် "ရှန်းရှောင်ယွဲ့က ရုတ်တရက်ထ၍ အရွှန်းဖောက်ကာ ပြောလေသည်။" ရှင်းရှင်းကလည်း ကိုယ်ဝန်စရှိကတည်းက Spicy foodတွေပဲ ကြိုက်လာတော့ ကြည့်ရတာ မိန်းကလေးဖြစ်မယ်ထင်တယ် "

" အဲ့တာက ‌သေချာ‌ပေါက်‌တော့ မမှန်ဘူး "ရှင်းရှင်း၏မျက်နှာတွင် မျှော်လင့်စောင့်စားနေသည့် မိခင်တစ်ယောက်၏ပျော်ရွှင်မှုဖြင့် ပြည့်နေသည်။" ဘယ်လိုဖြစ်ဖြစ် မိန်းကလေးနေနေ၊ယောက်ျားလေးနေနေ သူတို့က ငါ့ရဲ့ကလေးလေးတွေပဲ‌ "

" မှားတယ်!ငါတို့ပါ "ယွီသုံသည် တူဖြင့် ဖက်ထုတ်တစ်ခုကိုယူ၍ ရန်ရှင်းရှင်း၏ပန်းကန်လုံးထဲသို့ထည့်ပေးရင်း ရှန်းရှောင်ယွဲ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။" ငါလည်း နင်ပြောတာ သဘောတူတယ် "

" ဟုတ်တယ်!သေချာပေါက် မိန်းကလေးပဲ! "ယွီသုံ၏ထောက်ခံချက်နှင့်အတူ ရှန်းရှောင်ယွဲ့သည် ယုံကြည်မှုရှိရှိ ထပ်‌ပြောလေသည်။

" နင်တို့ပြောသလိုပဲ‌ပေါ့ဟာ "ရန်ရှင်းရှင်းသည် အပင်ပန်းခံ၍ ငြင်းခုံမနေတော့‌ပေ။

ရှန်းရှောင်ယွဲ့သည် ထိုအကြောင်းအရာအား ဆက်မပြောတော့ဘဲ ယွီသုံဘက်သို့လှည့်ကာ ပြောလာသည်။" နင်ကလည်း ဒီနေ့ထူးထူးခြားခြားရွှင်ပျနေပါလား?ဘာဖြစ်လာတာလည်း? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now