Chapter 33

6.1K 932 19
                                    

Unicode

သန်းခေါင်ယံည ၁၂နာရီ ၊ ‌သောကြာနေ့သို့ ‌ရောက်ရှိလာသည့်အချိန်!!

ရင်းနှီးနေကြ ယွီသုံ၏အသံသည် XXမြို့၏ ည‌ကောင်းကင်ယံ၌ ပဲ့တင်နေလေသည်။" အားလုံးပဲ မင်္ဂလာ‌ပါ။အခုနားဆင်နေရတာကတော့ FMလိုင်း၉၆၆၆ပြဲဖစ်ပါတယ်။ည၁၂နာရီထိုးပါပြီ။အခု နားဆင်နေရတာကတော့ Midnight Phantomဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်မကတော့ DJ Fish Jellyပါ "သူမချောင်းဟန့်လိုက်ပြီးနောက် အနည်းငယ်ထူးဆန်းနေသည့်အသံဖြင့် ဆက်ပြောလိုက်သည်။" ဒီနေ့ဒီFish Jellyမှာ ပြောစရာလေးရှိပါတယ် ... ဝန်ခံချင်တာလေးပေါ့ "

" ဖွင့်ပြောတယ်ဆိုတာက အကျွမ်းတဝင်မရှိတဲ့ လူနှစ်‌ယောက်ကြားထဲမှာ အဆင့်တက်ဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်သလို တိတ်တခိုးချစ်နေတဲ့ လူတစ်ယောက်ဆီကနေလည်း ဖြစ်နိုင်ပါတယ် "လေလှိုင်းများကြားထဲမှ လွင့်ပျံလာသည့် ယွီသုံ၏အသံသည် ထူးခြားစွာပင် နူးညံ့သိမ်မွေ့နေသည်။" အဲ့ဒီလိုဆို‌ပေမယ့်လည်း ဝန်ခံတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်နေပြီးသား လူနှစ်ယောက်ကြားထဲမှာလည်း ဖြစ်ပေါ်နိုင်ပါတယ် "

" ဖွင့်ဟပြောဆိုတယ်ဆိုတာ ကံကြမ္ဘာကို အပြောင်းအလဲဖြစ်စေပါတယ်။မရင်းနှီးတဲ့လူစိမ်းတစ်‌ယောက်က သူတို့ရဲ့ဖွင့်ဟဝန်ခံမှုကြောင့် အခြားတစ်‌‌ယောက်ကို သတိထားမိလာ‌စေလိမ့်တယ်။တစ်စုံတစ်ယောက်ကို သဘောကျနေတဲ့သူတွေက ဖွင့်ဟဝန်ခံမှုကနေ ချိုမြိန်မှုနှင့်အလှတရားတွေကို ရရှိပိုင်ဆိုင်နိုင်လိမ့်မယ်။အောင်မြင်လား...မအောင်မြင်လားဆိုတဲ့ အပေါ်မှာ‌တော့မူတည်တာပေါ့နော် "ယွီသုံလည်း နောက်ဆုံးစာသားကို ထပ်မံဖြည့်စွက်ပြောဆိုကာ ပြုံးလိုက်သည်။

" ဒါ‌ပေမယ့် ချစ်ကျွမ်းဝင်ပြီးသား လူနှစ်ယောက်က ဘာလို့ ဖွင့်ဟပြောဆိုကြတာလည်း?ဥပမာ-စုံတွဲတွေ ၊ လင်မယားတွေ ၊ သူငယ်ချင်းဟောင်းတွေပေါ့ "

" လူတစ်ယောက်က ခံစားချက်တေြွဖစ်လာတာကနေ စတင်ပြီးတော့ ဖွင့်ဟဝန်ခံကြတယ်။ပြီးတော့ ချစ်ကျွမ်းဝင်လာကြတယ်။‌နောက်ဆုံးကျ လက်ထပ်ကြတယ်။တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းချစ်သွားမယ်လို့ ယုံကြည်ကြပေမယ့် လက်ထပ်ပြီးတာ ကြာလာတဲ့အချိန်မှာတော့ ချစ်စကားတွေကို အရင်တုန်းကလို မကြာခဏ ‌ပြောလေ့မရှိကြတော့ဘူး "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now