Unicode
(အချစ်ဟောင်းအား မီးမြိုက်ပစ်ခြင်း)
" ခဏ! " ရှောင်တိမ်းသွားသည့်ရှဖန်အား ယွီသုံ ကတိုက်ကရိုက် အော်ဟစ်ခေါ်လိုက်သည်။
" ဘာဖြစ်လို့လည်း? "ရှဖန်မေးလိုက်၏။
" ယောက်ျား! "ယွီသုံလည်း သူမ၏ဆွဲဆောင်မှုရှိသည့်အသံဖြင့် အော်ခေါ်လိုက်ပြန်သည်။" ကျွန်မမှာအိမ်သော့မရှိဘူးလေ။ရှင်ကလည်းအပြင်ထွက်သွားတော့ ကျွန်မပြန်လာတဲ့အခါကျရင် ဘယ်လိုလုပ်ရမှာလည်း? "
ရုတ်တရက်' ယောက်ျား 'ဟု အခေါ်ခံလိုက်ရသည့်ရှဖန်မှာ ချက်ချင်းပင် အစာအိမ်နာလာသလို ခံစားရလေသည်။တံခါးဘေးရှိ
အံဆွဲထဲမှ သော့အပိုတစ်ချောင်းထုတ်ယူလိုက်ပြီး သူမအား
ကမ်းပေးလိုက်သည်။" ယွီသုံ.....မင်း ငါ့ကို ယောက်ျားလို့မခေါ်ဘဲ နာမည်ပဲခေါ်ပါလား "" ဘာဖြစ်လို့လည်း?ရှင်မကြိုက်လို့လား? "
ရှဖန် ပြန်မဖြေသော်ငြားလည်း သူ၏မျက်နှာအမူအရာသည် သူ၏ အတွေးတို့အား ဖော်ပြနေလေ၏။
" ကောင်းပြီ...ကောင်းပြီ "
ထိုအခါမှ ရှဖန် ရုတ်တရက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
" ရှင်တို့အင်ဂျင်နီယာတွေက အရမ်းပျင်းဖို့ကောင်းတာဘဲ "
" ငါ ဆေးပညာသင်ခဲ့တာပါ "
" ဘာဖြစ်ဖြစ်ပေါ့!! "
" ငါသွားပြီနော် "ရှဖန်လည်း ယွီသုံနှင့်ထပ်၍ မငြင်းခုံချင်တော့သည့်အပြင် ထိုနေရာ၌ အချိန်အတော်ကြာအောင် ရပ်နေရန် စိတ်ကူးမရှိသည့်အတွက် တံခါးကိုဖြတ်၍ ရေးကြီးသုတ်ပြာပြေးသွားလေတော့သည်။
ယွီသုံတစ်ယောက် ရှဖန်အလျင်အမြန်ပြန်ထွက်သွားသည်ကို ရယ်မောရင်းကြည့်ကာ သော့အားအိတ်ထဲသို့ထည့်လိုက်ပြီးနောက် အိမ်မှ
ထွက်ခွာလာခဲ့သည်။ယနေ့မနက် ခရီးဆောင်အိတ်ကို ဖွင့်လိုက်သည့်အခိုက် သူမ၏မှတ်ဉာဏ်အဟောင်းများကို သတိရလာစေသည့် စာရွက်စာတမ်းကို ယွီသုံတွေ့ခဲ့ရသည်။
ယွီသုံသည် ယခင်ဘဝက အရောင်းပိုင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။ရာထူးကြီးကြီးထိရောက်ရှိခဲ့ပြီး အောင်မြင်သည့်လုပ်ငန်း
ဖြစ်ခဲ့သော်လည်း သူမသည် အမြဲလိုပင် ရေဒီယိုအသံလွှင့်ဌာန၌
အစီအစဉ်မှူးဖြစ်ချင်ခဲ့လေသည်။
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!