Unicode
(လက်ထပ်ခြင်းအတွက် အကြောင်းပြချက်)
ယွီသုံတစ်ယောက် ခိုးရာလိုက်ပြေးခဲ့စဉ်က အဝတ်အစားအများအပြား ယူမလာမိခဲ့ပေ။ဂျင်းနှင့်စကတ်တိုများအား အမျိုးအစားခွဲပြီးသည့်နောက်၌ သူမတွင် ပန်းပွင့်များပါသည့်စကတ်နှင့် ဒူးအထိရှည်သော အဖြူရောင်စကတ်သာ ကျန်ရှိတော့သည်။
နောက်ဆုံး၌ ယွီသုံလည်း လူကြီးများသဘောကျနှစ်ခြိုက်မည့်အပြင် အမြင်လည်းတင့်တယ်စေသည့် ဖြူစင်ရိုးသားဟန်ပေါ်သော စကတ်
အဖြူကို ရွေးချယ်လိုက်သည်။၎င်းနောက် အဝတ်အစားဝတ်ဆင်ကာ မိတ်ကပ်စတင်လိမ်းခြယ်
တော့သည်။သူမ မှန်ကြည့်ရင်းဖြင့် လူငယ်များသည် အသားအရည်
ကောင်းကြကြောင်း တသသပြောနေမိသည်။အောက်ခံဖောင်ဒေးရှင်းလိမ်းရန်မလိုအပ်သောကြောင့် သူမ၏မျက်နှာအား သဘာဝဆန်ဆန်တောက်ပစေရန် နေလောင်ခံခရင်မ်နှင့်အတူ BBခရင်မ်အနည်းငယ် သုတ်လိမ်းလိုက်သည်။ထို့နောက် မျက်ခုံးမွှေးဆွဲကာ အိုင်းလိုင်နာလည်း အနည်းငယ်ဆွဲပြီးနောက် နှုတ်ခမ်းနီ အရောင်ဖျော့ဖျော့ဆိုးကာ အဆုံးသတ်လိုက်သည်။ထိုအချိန်လောက်မှာပင် ရှဖန်က တံခါးလာခေါက်လေ၏။" မင်း
အဆင်သင့်ဖြစ်နေပြီလား? "ယွီသုံလည်း နောက်ဆုံးတစ်ခေါက် မှန်ကိုလှမ်းကြည့်လိုက်ပြီး
ပြည့်စုံပြီဟု စိတ်ကျေနပ်မှုရရှိသောအခါ အိတ်အသေးကိုဆွဲယူ၍ တံခါးဖွင့်လိုက်သည်။တံခါးအရှေ့၌ရပ်နေဆဲဖြစ်သည့် ရှဖန်သည် သူ၏အရှေ့မှ ဖြူစင်ရိုးသား၍ ချစ်စဖွယ်ကောင်းသည့်မိန်းကလေးကို မြင်လိုက်ရသည့်အခါ၌ အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် မှ" မင်းကဘာဖြစ်လို့ ဒီလိုပုံစံဖြစ်နေရတာလည်း? "ဟုမေးလာခဲ့ည်။
" ကြည့်မကောင်းဘူးလား? "
" လှတော့လှပါတယ်...ဒါပေမယ့် မင်းရဲ့ခါတိုင်းပုံစံနဲ့ ကွဲနေတယ်လို့
ခံစားမိသွားလို့ "ရှဖန် ပြန်ဖြေလိုက်သည်။" ဒါက ပထမဆုံးအကြိမ်အနေနဲ့ ရှင့်မိဘတွေကို တွေ့တာလေ။
မရေမတွက်နိုင်လောက်တဲ့ ဒရမ်မာကားထဲမှာဆိုရင် လူကြီးတွေနဲ့
့တွေ့တဲ့အခါ ဒီလိုပုံစံမျိုးပဲဝတ်ဆင်တာကြတာမလား " ယွီသုံ
ပတ်ချာလှည့်ပြရင်း ပြောလိုက်သည်။
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!