Unicode
ယနေ့၌ အံအားသင့်စရာကောင်းလောက်အောင်ပင် ရှဖန်နှင့်ရှောက်ရိဖန်တို့၌ ခွဲစိတ်ခန်းဝင်ရမည့်အချိန်မရှိပေ။ ထို့ကြောင့် roundလှည့်ပြီးသည့်နောက် ညစာစားရန် ကန်တင်းသို့ အချိန်မှီရောက်သွားကြသည်။အန်အန်းသည်လည်း ကန်တင်းထဲသို့ ဝင်လာကာ စားစရာများယူဆောင်ပြီးနောက် ပြတင်းပေါက်နားရှိ စားပွဲ၌ထိုင်နေသည့် ၎င်းတို့နှစ်ယောက်အနီးသို့ ချဉ်းကပ်လာသည်။
ရှောက်ရိဖန် စွပ်ပြုတ်သောက်ရင်း အလုပ်ရှုပ်နေသည့်အခိုက် အန်အန်းသည် ရှဖန်၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်ကို သတိပြုမိသောအခါ ပါးစပ်နှင့်အပြည့်ဖြစ်နေသည့် စွပ်ပြုတ်များသည် ရုတ်တရက် ထွက်ကျကုန်လေသည်။
" ဘာလို့ အော်ဂလီဆန်အောင် လုပ်နေတာလည်း? "အန်အန်း လက်သုတ်ပဝါအချို့ကို ရှောက်ရိဖန်အားလှမ်းပေးရင်း ပြောလိုက်သည်။
ရှောက်ရိဖန် ချောင်းဆိုးရင်း ရှဖန်ကို လှမ်းကြည့်လိုက်သည်။ရှဖန်သည် အန်အန်းရောက်ရှိလာမှုကို အံ့ဩသည့်ပုံမပေါ်သောကြောင့် ရှောက်ရိဖန် မနှုတ်ဆက်တော့ဘဲ အောက်သို့ငုံ့၍ အစားကိုသာစားနေလိုက်သည်။
သို့သော် အခြေအနေသည် ကိုရိုးကားယားဖြစ်နေသောကြောင့် ရှောက်ရိဖန်ကပင် စကားစရှာ၍ ပြောလိုက်သည်။" အဟမ်း...ဟုတ်သားပဲ။အန်အန်း... Dr.Laneက ဒီမှာ ၁လပဲနေမှာလို့ပြောသံကြားတယ်။မင်းကရော ပြီးရင် အမေရ်ိကန်ကို ပြန်မှာလား ဒါမှမဟုတ် ဒီမှာပဲ ဆက်နေမှာလား? "
ဒေါက်တာLaneသည် အမေရိကန်မှ အန်အန်း၏နည်းပြဖြစ်ပြီး သိပ်မကြာခင်က မြို့တော်ဆေးရုံမှ ဒေါက်တာLaneကို လာရောက်သင်ကြားပို့ချပေးရန် ဖိတ်ခေါ်သဖြင့် အန်အန်းသည်လည်း သူ၏တပည့်အနေဖြင့် လိုက်ပါလာခြင်းဖြစ်သည်။
" ကျွန်မ အမေရိကန်ကို ပြန်သွားမှာပါ။ကျောင်းပြီးဖို့ကလည်း နှစ်လလောက် လိုသေးတယ်လေ "ထိုသို့ပြောနေရင်း အန်အန်းသည် ရှဖန်အား လှမ်းကြည့်လိုက်သည်။
" ဘွဲ့ရပြီးရင်ရော ဘယ်လိုလည်း?ပြန်လာပြီး ကလေးဆေးရုံမှ ဝင်လုပ်မှာလား?ဒါမှမဟုတ် ဒီဆေးရုံမှာပဲ အလုပ်ဝင်မှာလား? "
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!