Unicode
" မင်း...မင်းကို ငယ်ငယ်လေးကတည်းက ဒီလိုမျိုး အမျိုးသမီးငယ်လေးတွေကို လိုက်နှောင့်ယှက်ဖို့ ငါ သင်ပေးထားသလား? "
ပါပါးရှသည် သားဖြစ်သူ' နွားအိုမြက်နုကြိုက်'ဖြစ်လာသည့် အပေါ်၌ စိုးရိမ်ကြောင့်ကြနေဆဲဖြစ်သည်။
" ကျွန်တော်... "
" မင်း...ဘာလည်း?ဒါပေမယ့်ယွီသုံက မင်းကိုလိုက်ခဲ့အတွက်ကြောင့် ငါ မင်းကို ခွင့်လွှတ်လိုက်ပါမယ်။ ဒါပေမယ့် သူ့အပေါ်မှာ ကြင်နာရမယ်ဆိုတာကို မင်းသိတယ်နော်။ဘာလို့လည်းဆိုတော့ တစ်စုံတစ်ယောက်က မင်းကိုစလိုက်တယ်ဆိုပြီးတော့ တန်ဖိုးမထားလို့ မရဘူးကွ "
" Oh! "
" မင်းမျက်နှာက အဲ့ဒီအကြည့်က ဘာလည်း?ငါ မင်းကိုပြော
မယ်...မင်းမိန်းမကို ကောင်းကောင်းမဆက်ဆံဘူးဆိုတာမျိုး
ငါပြန်ကြားရလို့ကတော့ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်! "" အဖေစကားပြောတာ နည်းနည်းကျယ်နေပြီ...ဘေးကလူတွေတောင် ကြားနေရတော့မယ်! "ပတ်ဝန်းကျင်မှလူများကို သတိပြုမိကာ ရုတ်တရက် ရှဖန် ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
" ငါဘာပြောလည်းဆိုတာ သူတို့နားထောင်ပါစေ...ပြီးရင် သူတို့ကိုသက်သေလုပ်ခိုင်းမယ်! "ပါပါးရှ ဒေါသဖြင့်ကြိမ်းဝါးလိုက်သည်။
" ဟုတ်ကဲ့...ဟုတ်ကဲ့...ကျွန်တော် အဖေ့စကားကို နားထောင်ပါ့မယ် "
ယွီသုံ မင်း ငါ့မိဘတွေကို ဘာတွေများပြောထားတာလည်းကွာ?၁၀မိနစ်မကျော်ခင်မှာဘဲ သူတို့တွေ ရုတ်တရက် ငါ့အပေါ် ဘယ်
လိုများပြောင်းလဲသွားတာလည်း?တခဏကြာအောင် စကားပြောဆိုပြီးသည့်နောက် မိခင်ဖြစ်သူပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် ယွီသုံအားခေါ်၍ပြန်ရန် ရှဖန် ပြင်ဆင်လိုက်သည်။
မာမားရှသည် ပျော်နေသော်ငြားလည်း ကျန်မာရေးမကောင်းသေးသဖြင့် အမှန်တကယ်ပင်ပန်းနေပြီဖြစ်သည်။
" အန်တီ နားလိုက်ဦးနော်။ခွဲစိတ်ပြီးတဲ့ရက်ကျရင် သမီးပြန်လာခဲ့
မယ်! "
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!