Chapter 19

6.4K 1K 96
                                    

Unicode

နယူးယောက်မြို့ရှိ ဈေးဝယ်စင်တာ၌ ရှဖန်တစ်ယောက် ယွီသုံအတွက် နှုတ်ခမ်းနီဝယ်ရန် ရှာဖွေနေပြီး အလှကုန်ထားသည့်နေရာထောင့်နားတွင် အကြမ်းဖျင်းလေ့လာကြည့်ရှုနေ‌လေ၏။ထိုဆိုင်မှ အရောင်းဝန်ထမ်းက နှုတ်ခမ်းနီအရောင်များအား အကြံပေးသော်လည်း မည်သည့်အရောင်အား ရွေးချယ်ရမည်ကို မသိလေသောကြောင့် ရှဖန် ကြိုးစားပမ်းစား စဉ်းစားနေခြင်းကို ရပ်တန့်၍ ယွီသုံအား ဖုန်းခေါ်လိုက်သည်။

ထိုစဉ် ယွီသုံမှာ အလုပ်သို့သွားနေသည့် ဘတ်စ်ကားပေါ်၌ဖြစ်ပြီး ဖုန်း‌ခေါ်ဆိုသူမှာ ရှဖန်ဖြစ်သဖြင့် သူမအံ့ဩသွားသည်။" ရှဖန်? "

" အင်း...ကိုယ်အခု နှုတ်ခမ်းနီဝယ်နေတာလေ...အရောင်တွေက အရမ်းများတော့ ဘာရွေးရမှန်းမသိတော့ဘူး။မင်းက ဘယ်အရောင် သုံးနေကြလည်း? "

နှုတ်ခမ်းနီ?

" ဘာနှုတ်ခမ်းနီလည်း? "

" မင်းရဲ့စာရင်းထဲက ၅၅ခု‌မြောက်လေ "

" Oh! "ထိုအခါမှ သူမသတိရသွားပြီး မယုံနိုင်စွာဖြင့် မေးလ်ိုက်၏။" ရှင်...မဟုတ်မှလွဲရော....ကျွန်မမှာလိုက်တဲ့ ပစ္စည်းတွေကို တစ်နေ့တစ်ခုချင်းဆီ ဝယ်နေတာလား? "

" မဟုတ်ပါဘူး...ကိုယ် မင်းမှာလိုက်တဲ့ maskတွေကိုတော့ အကုန်တစ်ခါတည်း ဝယ်လိုက်တာ‌လေ။အဲ့တာတွေသာ တစ်နေ့တစ်ခုဝယ်နေရင် အရောင်းဝန်ထမ်းက ကိုယ့်ကိုကျိန်ဆဲနေမှာပေါ့ "

" ဟား...ဟား။ဒါဆို စာရင်းထဲမှာပါသမျှ အကုန်ဝယ်ပြီးသွားပြီလား? "

" အကုန်လုံးနီးပါးတော့ ဝယ်ပြီးပါပြီ "

" ရှင်က တော်တော်နာခံတာပဲ "

" မင်းပဲ ကိုယ့်ကို တစ်‌နေ့တစ်ခု ဝယ်ခိုင်းတာမဟုတ်ဘူးလား? "ယွီသုံ၏မယုံကြည်နိုင်သည့်အသံကြောင့် ရှဖန်မေးလိုက်သည်။" မဟုတ်မှလွဲ‌ရော ကိုယ်အပျင်းပြေ‌အောင်လို့ အဲ့ဒီစာရင်းလုပ်ပေးလိုက်တာတော့ မဟုတ်ဘူးမလား? "

" သေချာပေါက် မဟုတ်ပါဘူး။ရှင်အခု ဘယ်‌ကောင်တာမှာ ရောက်နေတာလည်း? "

ရှဖန်လည်း ကြော်ငြာဆိုင်းဘုတ်ကို ကြည့်လိုက်သည်။" Chanelတဲ့ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now