Chapter 43

6.1K 869 10
                                    

Unicode

တစ်မိသားစုလုံး မနက်‌စော‌စော၌ အသက်ဝင်လှုပ်ရှားနေသလောက် ယခုမူ ထမင်းစားစားပွဲတွင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ထမင်းစား စားပွဲတစ်ခုလုံး တူးကျွမ်းနေသည့် ဟင်းပန်းကန်များဖြင့် ပြည့်နေ‌လေသည်။

၎င်းသည် အဘယ်ကြောင့်ဆိုသော် မာမားယွီမှာ မီးဖိုချောင်ထဲမှထွက်လာသောအခါ ယောက်မကိုပါယူဆောင်လာပြီးနောက် မူးမေ့လဲသွားလဲပြီး ခချက်ပြုတ်နေသည့် အစားအစာများကို လှည့်မကြည်နိုင်ဖြစ်သွားသည်။

အမှန်တစ်ကယ်ပင် မေ့ဖျောက်၍မရနိုင်သည့် မနက်စာကို စားသုံးပြီးနောက် နှစ်သစ်ကူးညစာအတွက် အစားအသောက်များဝယ်ရန်အတွက် ပါပါးယွီသည် ကုန်စုံဆိုင်သို့သွားရန် ဆိုင်ကယ်ထုတ်လိုက်သည်။

" အန်ကယ်...ဘယ်သွားမလို့လည်း?ကျွန်တော် လိုက်ပို့ပါရစေ "သူ၏မြင်ကွင်းထဲ၌ ပါပါးယွီသည် ဦးထုပ်မပါဘဲ ဆိုင်ကယ်ကို တွန်းနေသည်ကို မြင်သောအခါ ရှဖန် စိုးရိမ်ပူပန်သွားသည်။

" ရတယ်...အစားအသောက်တွေဝယ်ဖို့ ကုန်စုံဆိုင်သွားမလို့...နီးနီးလေးပါကွာ "ပါပါးယွီက ငြင်းဆိုလေသည်။

" ကျွန်တော့်ကို အတူလိုက်ခွင့်ပေးပါဗျ။ကားနဲ့ဆိုရင် အစားအသောက်တွေ ပိုတင်လို့ရပြီးတော့ အချိန်ကုန်လည်းပိုသက်သာပါတယ် "ရှဖန် ဆက်လက်ဖျောင့်ဖျလိုက်သည်။

" ဒီလမ်းတွေက ကျဉ်းတယ်ကွ။မင်းကားနဲ့ဆိုရင် မောင်းလို့ရမှာ မဟုတ်ဘူး "ပါပါးယွီ အမှန်တိုင်းပြောလိုက်သည်။

" Oh! "ရုတ်တရက် အရာများအားလုံး ကိုရိုးကားရားဖြစ်သွားသည်။

ပါပါးယွီသည် သူ၏မော်တော်ဆိုင်ကယ်ပေါ်သို့ တက်လိုက်ပြီးနောက် ရှဖန်ကို ပြန်ကြည့်ကာ မေးလာသည်။" မင်းရဲ့အန်တီက မင်းကြိုက်တဲ့ဟင်း ရှိလား မေးခိုင်းလိုက်တယ် "

" ဗျာ? "ရှဖန်မှင်သက်သွားသော်လည်း ရင်ထဲ၌ ပန်းများပွင့်နေဟန်ဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။" ကျွန်‌တော် ငါးကြိုက်ပါတယ် "

" ကောင်းပြီလေ "ပါပါးယွီသည် ဆိုင်ကယ်ကိုစီး၍ ရွာလမ်းမအတိုင်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Où les histoires vivent. Découvrez maintenant