Chapter 9.2

6.8K 980 6
                                    

Unicode

ဖုန်းမြည်သံရပ်သွားပြီးသည့်နောက် ခဏကြာသည့်အခါ နောက်တစ်ကြိမ် ထပ်မြည်လာပြန်သည်။ယွီသုံလည်း သူမတွင်ရှိသမျှသတ္တိများကို စုစည်း၍ ဖုန်းကိုင်လိုက်‌တော့သည်။

" ဖုန်း‌ခေါ်ရင်ကိုင်လေ! "ဖုန်းထဲမှ အစ်ကိုဖြစ်သူ၏အသံသည် ကျယ်ကျယ်‌လောင်‌လောင် ထွက်ပေါ်လာ‌‌လေ၏။" ဒီလောက်နောက်ကျတဲ့အထိ ဘာလုပ်နေတာလည်း?ညီမလေး နင့်ရည်းစားနဲ့ တကယ် လက်မထပ်ခဲ့ဘူးမလား? "

" မဟုတ်ဘူး! "

" မဟုတ်ဘူး?နင် အိမ်ကနေ ခရီးဆောင်အိတ်တွေပါယူပြီး ထွက်ပြေးလို့ အမေနေမကောင်းဖြစ်နေရပြီ "အစ်ကိုဖြစ်သူသည် သူမအား နောက်ထပ်တစ်ကြိမ် အော်ဟစ်ပြီးသည့်နောက် ထပ်မံ‌မေးမြန်း‌လေသည်။" ညီမလေး...နင် အခု ဘယ်မှာနေပြီး ဘာ‌တွေလုပ်‌နေတာလည်း? "

" အလုပ် "

" ဘာ?နင် အလုပ်ရပြီလား?နင့်ရည်းစားရဲ့မိသားစုက လက်ထပ်ပွဲကို သဘောမတူတာလည်း ကောင်းပါတယ်။ငယ်‌သေးတဲ့အချိန်မှာ အလောတကြီး လက်မထပ်သင့်ဘူး "

" အစ်ကို? "ယွီသုံ ရုတ်တရက်ထ၍ ‌မေးလိုက်သည်။" တစ်ကယ်လို့ ညီမလေး ရည်းစားနဲ့ပြတ်သွားပြီးတော့ လက်မထပ်ဖြစ်ဘူးဆိုရင် စိတ်တိုမှာလား? "

" ဘာလို့ မဟုတ်တာတွေ လျှောက်ပြောနေတာလည်း?အဲ့လူက ညီမလေးကို အနိုင်ကျင့်တာလား?နင်ပြောလိုက်...အစ်ကို သူ့ကို သွားရှာပြီး ဆုံးမပေးမယ် "

" မဟုတ်ပါဘူး...ညီမလေးက မေးကြည့်တာပါ "

" တကယ်လို့ နင့်ကို အနိုင်ကျင့်တယ်ဆိုရင် အစ်ကို့ကိုပြောနော်။ပတ်ဝန်းကျင်ကိုလည်း သေသေချာချာ သတိထား။မြို့ကြီးပြကြီးမှာ တစ်ယောက်တည်းနေတဲ့မိန်းကလေးက ကိုယ့်လုံခြုံမှုကို သေချာ ဂရုစိုက်ရမယ်။အိမ်ပြန်လာဖို့မခေါ်ခင် အမေ ဒေါသထွက်မှာကို စောင့်မနေနဲ့! "

" အစ်ကို...အမေတို့နဲ့အစ်ကိုက ကျွန်မ လက်ထပ်မှာကို ကန့်ကွက်နေကြတော့ ဘယ်လိုချစ်သူမျိုးကို ကျွန်မရှာသင့်တယ်လို့ အစ်ကိုထင်သလည်း? "

" ဘာဖြစ်လို့ မေးတာလည်း?အစ်ကိုတို့က ညီမလေးလက်ထပ်မှာကို တကယ်ကန့်ကွက်ချင်တာမျိုးလည်း မဟုတ်ပါဘူး။ဒါပေမယ့် ညီမလေးရည်းစားကို တစ်ခါမှမမြင်ဘူးတဲ့အပြင် ညီမ‌လေးက သူ့အတွက် ပစ္စည်းတွေဝယ်ပေးဖို့ အလုပ်ကြိုးစားလုပ်ပြီး ပိုက်ဆံရှာနေတယ်ဆိုတဲ့အကြောင်းကို တခြားလူတွေဆီက အမြဲတမ်း ကြားနေရတယ်။သူက ညီမလေးအတွက် တစ်ခုခုလုပ်ပေးတယ်ဆိုတဲ့အကြောင်းကိုတော့ လုံးဝမကြားရဘူး။အဲ့ဒီတော့ ငါတို့အားလုံးက ညီမလေး အနိုင်ကျင့်ခံရမှာကို စိတ်ပူကြတာ‌ပေါ့။အဲ့တာကြောင့် ညီမလေး...နင်နဲ့ထိုက်တန်တဲ့ လူကောင်းတစ်ယောက်ကို ရှာ‌တွေ့ဖို့လိုတယ် "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now