Chapter 5.1

7.6K 993 14
                                    

Unicode

အိမ်ပြန်ရောက်သည့်အခါ၌ ရေဆာသလိုခံစားရသော‌ကြောင့် ယွီသုံ
မီးဖိုချောင်ထဲသို့ဝင်၍ ရေခဲ‌သေတ္တာဖွင့်လိုက်သောအခါ ရေပုလင်းများနှင့်ပြည့်နေ‌သော‌ကြောင့် အံ့အားသင့်စွာပြောလိုက်မိသည်။" ဒါက တစ်ကယ့်ကို ဆရာဝန်တစ်ယောက်ရဲ့‌ရေခဲသေတ္တာပဲ။အချိုရည် တစ်ပုလင်းမှတောင် မရှိဘူး "

ဤသို့ဖြင့် ရေတစ်ပုလင်းယူလိုက်ပြီးနောက် တစ်ငုံခန့်သောက်လိုက်သည်။သူမ အကျင့်ဖြစ်စွာဖြင့် ပါဆယ်မှာရန် ဖုန်းကိုဆွဲယူလိုက်သော်လည်း ဖုန်းအောက်ခြေမှ ခလုတ်ကိုမြင်လိုက်ရသည်။ထိုအခါမှ smartphoneများသည် လာမည့်နှစ်အနည်းငယ်အတွင်း၌
တွင်တွင်ကျယ်ကျယ်အသုံးမပြုသေး‌ကြောင်း သတိရသွားသည်။

ဖုန်းမြည်သံ!

ယွီသုံလက်ထဲ၌ ဖုန်းသာမရှိလျှင် ဖုန်းလာနေသည်ဟု သူမ ထင်မည်မဟုတ်ပေ။

ဖုန်းမျက်နှာပြင်၌ပေါ်နေသည့် နာမည်မှာ ရှန်းရှောင်ယွဲ့ဖြစ်သည်။ရှန်းရှောင်ယွဲသည် သူမတက္ကသိုလ်တက်စဉ်က အခန်းဖော်ဖြစ်သည့်အပြင် သူမနှင့်ရင်းနှီးသည့်ဆက်ဆံရေးလည်းရှိသူဖြစ်သည်။သို့သော် ရှောင်ယွဲ့လက်ထပ်ပြီးနောက် အ‌ကြောင်းကိစ္စအမျိုးမျိုး‌ကြောင့် သူမတို့ တဖြည်းဖြည်းဝေးကွာသွားခဲ့ကြပြီး ယွီသုံနှင့်သူမ ‌နောက်ဆုံး‌တွေ့ခဲ့သည်မှာ ၃,၄နှစ်ခန့်ကြာခဲ့ပြီဖြစ်သည်။

" ဟေး... "ယွီသုံ ဖုန်းလက်ခံဖြေကြားလိုက်သည်။

" သုံသုံ! "စူးစူးရှရှ မိန်းကလေးအသံသည် သူမအား အလွန်ထိတ်
လန့်သွားစေကာ ဖုန်းလွတ်ကျလုနီးပါးပင်ဖြစ်သွားသည်။" ကူပါဦး!ကူပါဦး! "

" ဘာဖြစ်တာလည်း? "

ရှန်းရှောင်ယွဲ့သည် အထက်တန်းလွှာအသိုင်းအ‌ဝိုင်း‌ကောင်းရှိသည့်
မြို့သူတစ်ယောက်ဖြစ်သည့်အပြင် တစ်ဦးတည်းသောသမီးလည်းဖြစ်၏။သူမသည် EQမြင့်ကာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး လူကြီးများခင်းပေးထားသည့် ဘဝလမ်း‌ကြောင်းလည်းရှိသည်။‌
‌ကောင်းပြီ!ဒါတွေက နည်းနည်းချဲ့ကားပြောထားတယ်ပေမယ့် တက္ကသိုလ်တုန်းက ယွီသုံစိတ်ထဲမှာရှိတဲ့ သူမရဲ့နှစ်လိုဖွယ်အ‌ကောင်းဆုံး အရည်အချင်းတွေထဲကတစ်ခုကတော့ ရှောင်ယွဲ့အကူအညီတောင်းပြီဆိုရင် လက်ရှိရည်းစားဖြစ်ဖြစ်၊ရည်းစာဟောင်းဖြစ်ဖြစ် သူတို့အစွမ်းအစရှိသလောက် အပြေးအလွှားလာပြီးတော့ သူမကို ကူညီရတာပါပဲ။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now