Unicode
ရာသီဥတုမှာလည်း ပူနွေးလာခဲ့လေပြီ။လမ်းမထက်ရှိ သစ်ပင်များမှာည်း အရွက်သစ်များပေါ်ထွက်လာပြီး ထိုရောင်စုံသဘာဝရှုခင်းသည်
ဖြတ်သွားဖြတ်လာလူအများအပြား၏ စိတ်အခြေအနေကို ပိုမိုကောင်းမွန်လာစေသည်။အစိမ်းရောင်များကြီးစိုးနေသည့် လမ်းတစ်လျှောက် ယွီသုံ ကားမောင်းလာခဲ့ပြီး နွေဦးရာသီ၏လေပြေလေညှင်းများကို ခံစားနိုင်ရန် ကားမှန်ချထားလေသည်။
ယနေ့တွင် ရန်ရှင်းရှင်းသည် ဆေးရုံမှဆင်းမည်ဖြစ်သည်။ယွီသုံ၏တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ နောက်ကျသောကြောင့် သူမတို့သည် ရှင်းရှင်းကို မနက်ပိုင်း နည်းနည်းနောက်ကျသည့်အချိန်မှ သွားခေါ်ရန် စီစဉ်ထားကြသည်။သို့သော် ရှန်းရှောင်ယွဲ့ကမူ သူမ၏တိုက်ခန်းဆီသို့သာ လာရောက်ပြီး သူမခေါ်ဆောင်လာမည့် ရှင်းရှင်းတို့ သားအမိနှစ်ယောက်ကို စောင့်ဆိုင်းနေရန် ပြောလေသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ရန်ရှင်းရှင်း အပြင်းအထန်စဉ်းစားပြီးသည့်နောက် သူမ၏ကလေးကိုခေါ်၍ လတ်တလောတွင် အိမ်နှင့်ဝေးရာတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ယွီသုံ ရှန်းရှောင်ယွဲ့၏တိုက်ခန်းသို့ရောက်လာခါနီးသည့်အချိန်တွင် ရှန်းရှောင်ယွဲ့သည် သူမကို ရုတ်တရက်ဖုန်းခေါ်လာသည်။ယွီသုံကမူ ၎င်းတို့ထွက်ခွာလာပြီဖြစ်ကြောင်း ပြောဆိုရန် ဆက်သွယ်လာသည်ဟု မှတ်ယူနေလေ၏။
" ငါ ၁၀မိနစ်လောက်ပဲ လိုတော့တယ်... နင်..... "
" သုံသုံ!အခုချက်ချင်း ဆေးရုံကို လိုက်လာခဲ့ဦး။ဟိုလူယုတ်မာက ကလေးကို ခိုးယူဖို့ ကြံစည်နေတယ်! "ယွီသုံ စကားမဆုံးသေးမှီ ရှန်းရှောင်ယွဲ့က အော်ဟစ်ပြောဆိုလာသည်။
ယွီသုံလည်း ဘရိတ်ကိုပြင်းထန်စွာအုပ်ချလိုက်ပြီး လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်သည်။
" ငါ အဲ့ဒီကိုလာခဲ့မယ်!ကလေးကို သူတို့ခေါ်မသွားစေနဲ့! "
" ကောင်းပြီ! "
အလုပ်တက်ရက် နေ့လည်ပိုင်းဖြစ်သောကြောင့် လမ်းပေါ်၌ ကားသိပ်မရှုပ်ပေ။ယာဉ်စည်းကမ်းများကို သတိမမူတော့ဘဲ ယွီသုံ စတီယာရင်ကို လှည့်၍ Uပုံသဏ္ဌာန် ကွေ့ချလိုက်ကာ ဆေးရုံသို့ ဦးတည်လိုက်သည်။
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!