Unicode
ည၈နာရီကျော်မှ ရှဖန် အိမ်သို့ပြန်ရောက်လာခဲ့သည်။မြေအောက်ကားပါကင်မှတစ်ဆင့် လေသာခန်းမီးထွန်းထားသည်ကို မော့ကြည့်လိုက်မိ၏။
အချိန်ပိုဆင်းရတဲ့ညတွေမှာ ဒီလိုမြင်ကွင်းမျိုးကိုမြင်ရဖို့ တိတ်တဆိတ်မျှော်လင့်ခဲ့ရတာ ဘယ်လောက်ရှိနေပြီလည်း?
" ငါ ပြန်ရောက်ပြီ "
ထိုသို့ပြောလိုက်သည့်အခါ ဇာတ်ညွှန်းဖတ်ရင်း ဖရဲသီးစိတ်စားနေသည့် ယွီသုံသည် လှည့်ကြည့်၍ လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။" ရှင်ပြန်လာပြီလား?တကယ်လို့ ရှင်စားချင်ရင်တော့ ကျွန်မ ဖရဲသီးဝယ်လာရှိတယ် "
" မစားတော့ဘူး... မင်း ဘာတွေဝတ်ထားတာလည်း? "
ယွီသုံလည်း သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။သူမဝတ်ဆင်ထားသည်မှာ သွယ်လျသည့်ပေါင်တံများကိုလှစ်ဟပြထားပြီး တင်ပါးဖုံးရုံသာရှိသော ယောက်ျားဝတ်အဖြူရောင်ရှပ်အင်္ကျီဖြစ်သည်။
သူမလည်း ဖရဲသီးခွံအား အသာအယာချလိုက်ပြီးနောက် လက်ကို ပဝါဖြင့်သုတ်ရင်း ပြန်ဖြေလိုက်သည်။" ကျွန်မအဝတ်အစားတွေက အကုန်လျော်ထားတော့ ညဝတ်အင်္ကျီဝတ်စရာမရှိဘူး။အဲ့တာကြောင့် ရှင့်မှာ ဒီလိုရှပ်အင်္ကျီတွေ အများကြီးရှိနေပုံပေါ်တာနဲ့ ရှင့်ဗီရိုထဲကနေ ယူဝတ်ထားလိုက်တာ "
" မင်း...မင်း အဲ့တာကို မဝတ်သင့်ဘူး "ရှဖန် သူ၏မျက်လုံးအကြည့်တို့ကို အပေါ်သို့ပြောင်းလိုက်ပြီး သူမဆီမှ ရှောင်တိမ်းလိုက်သည်။
" ဒါက ဘာဖြစ်နေလို့လည်း? "ယွီသုံ နားမလည်နိုင်ဖြစ်သွားသည်။
သူမ လှည့်ကြည့်လိုက်သည့်အခါ ရှဖန်သည် သူ၏အကြည့်တို့ကို
မည်သည့်နေရာတွင် ထားရမည်မှန်းမသိတော့ဘဲ သိသိသာသာပင် ကသိကအောက်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် ကျီစယ်လိုသည့်အတွေးများ ဖြစ်ပေါ်လာသည်။ထို့ကြောင့် သူမ ဆိုဖာပေါ်၌ ဆွဲဆောင်မှုရှိသည့်ကိုယ်ဟန်နေထားသို့ ရုတ်ချည်းပြောင်းလဲလိုက်ပြီးနောက် တက္ကသိုလ်တက်ခဲ့သည့် လေးနှစ်အတွင်း ပြုလုပ်ခဲ့သည့် အသံသွင်းစွမ်းရည်ကို အသုံးချကာ သူမ၏အသံကို ပို၍ဆွဲဆောင်မှုရှိသည့်အသံသို့ ပြောင်းလဲပြီး အောက်နှုတ်ခမ်းကိုလျက်ကာ ပြောလိုက်သည်။" ယောက်ျား...ကျွန်မ ဒါကို ရှင့်အတွက် ဝတ်ထားပေးတာလေ "
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!