Chapter 32

6.7K 931 14
                                    

Unicode

ယွီသုံနိုးလာသည့်အခါ ယ‌မန်နေ့ညက ချိုမြိန်လှသည့်အနမ်းအကြောင်းကို ပြန်လည်တွေးတောမိပြီး အိပ်ယာပေါ်၌ လူးလိမ့်နေလေသည်။

ပြီးပြည့်စုံသည့် လူကြီးလူကောင်းတစ်ယောက်နှင့်တူသောရှဖန်မှာ မမျှော်လင့်စွာဖြင့် အလွန်စိတ်လှုပ်ရှားအောင် နမ်းရှိုက်‌တတ်လေသည်။

Black-Bellied Presidentကဲ့သို့‌သော ဇာတ်လမ်းများကို လူကြိုက်များကြသည်မှာ မထူးဆန်းပေ။ကိုယ်ချစ်ခင်မြတ်နိုးရသည့် တစ်စုံတစ်ယောက်၏ လွှမ်းမိုးခြင်းကိုခံရသည်မှာ‌ အရမ်း‌ကောင်းမွန်သလိုခံစားရသည်။

" ဟေး...ဟေး "အဓိပ္ပာယ်မရှိသည့်အတွေးများတွေးကာ ယွီသုံသဘောကျနေလေသည်။

ခဏကြာပြီးသည့်နောက် အိပ်ယာမှထ၍ လိုက်ကာစများကိုဖွင့်ရန်အတွက် ပြတင်းပေါက်ဆီသို့ ထလာခဲ့သည်။

ယနေ့မှ ထူးထူးခြားခြားလှပစွာ‌တောက်ပနေသည့် နေရောင်ခြည်သည် သူမ၏အခန်းတစ်ခုလုံး ဖြာကျနေပြီး လူသားတိုင်း၏နေ့ရက်များကို တောက်ပစေလေသည်။သို့သော် ယွီသုံ၏ယခုစိတ်အ‌ခြေအနေနှင့်ဆိုလျှင်  မိုးရွာသည်ဖြစ်စေ၊နှင်းကျသည်ဖြစ်စေ အရာအားလုံးသည် သူမအတွက် ကြည်နူးဖွယ်ရာအတိပင်ဖြစ်သည်။

ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရသည့် အမျိုးသမီးတစ်ယောက်အတွက် အရာအားလုံးသည် အလှတရားများနှင့် ပြည့်နေလေသည်။

ယွီသုံ အပြင်သို့ထွက်ရန် မပြင်ဆင်ခင် ပြတင်းပေါက်၌ရပ်ကာ အညောင်း‌ဆန့်နေသည်။

သူမ အဝတ်အစားလဲပြီးသည့်နောက် မီးဖိုခန်းထဲသို့ဝင်လာသောအခါ ထမင်းစားစားပွဲပေါ်တွင်တင်ထားသည့် အပြာနု‌ရောင်ထမင်းဘူးကို အံ့အားသင့်ဖွယ်တွေ့လိုက်သည်။

အနီးသို့ရောက်လာသောအခါ ထမင်းဘူးဘေး၌ စာတစ်စောင်ကိုပါ‌တွေ့လိုက်ရသည်။ရင်းနှီးနေသည့်အရေးအသားသည် သူမ၏အပြုံးတို့ကို ဖြစ်ပေါ်လာစေပြီး ထိုစာကို မဖတ်ရသေးခင်ကပင် ယွီသုံအားပျော်ရွှင်စေသည်။

[ ကိုယ်အိမ်ပြန်လာတဲ့လမ်းမှာ မနက်စာဝယ်လာခဲ့ပြီးမှ ညစာစားရမှာကို သတိရသွားတယ်။အခုပဲ အိမ်ကိုပြန်ရောက်ပြီးတော့ အရင်အိပ်နှင့်လိုက်ပြီ။ကိုယ်နိုးလာရင် မင်းစားပြီးပြီလားဆိုတာ စစ်ကြည့်မှာနော် ...

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now