Chapter 55

6K 886 12
                                    

Unicode

ယနေ့စမ်းသပ်မှုသည် ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားခဲ့သည်။အစပိုင်းခန့်မှန်းချက်များမှာ အမှန်တကယ်‌ရောက်ရှိလာပြီး နောက်တစ်ဆင့်တက်ရန် အချိန်အတော်ကြာအောင် စောင့်ရမည်ဖြစ်သောကြောင့် ရှဖန် ဓာတ်ခွဲခန်းမှ စောစောထွက်လာခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ ကြုံတောင့်ကြုံခဲပင်...

နွေဦးရာသီ၏ညပိုင်းတွင် အနည်းငယ် အေးစိမ့်စိမ့်ဖြစ်နေဆဲဖြစ်ပြီး ပန်းများ၏ရနံ့ဖျော့ဖျော့သည် လေ‌ပြေညှင်းများမှတဆင့် တက်ကြွလန်းဆန်းစေသည်။ရှဖန် နာရီကိုငုံ့ကြည့်လိုက်သည့်အခါ ဇနီးဖြစ်သူကို အလုပ်မှသွားကြိုရန် အချိန်လုံလုံလောက်လောက်ရကြောင်း မြင်လိုက်ရသည်။

မနက်အစောပိုင်းဖြစ်သောကြောင့် လမ်းများသည် ရှင်းလင်းနေပြီး လမ်းဘေးဝဲယာရှိ ဆိုင်များမှာလည်း ပိတ်ထားဆဲဖြစ်သည်။ရှဖန် ၂၄နာရီဖွင့်သည့်စတိုးဆိုင်သို့ဝင်၍ ‌သောက်စရာနှစ်ခွက် ဝယ်ခဲ့သည်။

ဒေါက်မြင့်ဖိနပ်မြည်သံနှင့်အတူ ရေဒီယိုအသံလွှင့်ရုံ၏ဂိတ်အပြင်ဘက်သို့ယွီသုံထွက်လာသည့်အခါ လှေကားပေါ်၌ရပ်စောင့်နေသည့် ရှဖန်ကို မြင်လိုက်ရသည်။ရှဖန်သည် အနက်ရောင်ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး ပြုံးရယ်‌နေကာ ခွက်နှစ်ခွက်ကိုလည်း ကိုင်ထားလေသည်။

တောက်ပသည့်မျက်ဝန်းများဖြင့် ယွီသုံ ပြေးလာလေသည်။" လာမယ်လို့လည်း မပြောဘဲနဲ့ ဘယ်လိုလုပ်ပြီး‌ရောက်လာတာလည်း? "

" ဒေါက်မြင့်တွေစီးထားတဲ့အချိန် အမြန်မပြေးနဲ့လေ! "ခွက်တစ်ခုကို ယွီသုံအား လှမ်း‌ပေးရင်း ရှဖန်သတိပေးလိုက်သည်။

ယွီသုံလည်း ထိုခွက်ကို လက်ခံယူလိုက်ပြီး ရှဖန်ကို ပြန်လည်အပြစ်တင်လိုက်သည်။" အဲ့တာက ကျွန်မကိုမပြောဘဲ ရုတ်တရက်‌ပေါ်လာတဲ့ ရှင့်ကြောင့်ပဲလေ "

" ဟုတ်ပါပြီ!ကိုယ့်အမှားပါ "ရှဖန် ကူရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး အပြစ်အားလုံးကို ခံယူလိုက်သည်။

ယွီသုံလည်း ကျေနပ်သွားပြီး သောက်စရာတစ်ငုံ ငုံ့သောက်လိုက်သည်။ထိုအခါမှ ခွက်ထဲတွင် ‌‌လိ‌မ္မော်ရည်ချိုချိုလေးပါရှိကြောင်း သတိပြုလိုက်မိသည်။" ဒီလောက်နောက်ကျနေတာကို လိမ္မော်ရည်က ဘယ်ကနေ ရှာတွေ့ခဲ့တာလည်း? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now