Unicode
ယမန်နေ့ညက အဖြစ်အပျက်အား ပြန်လည်စဉ်းစားမိသည့်အချိန်တိုင်း ရှန်းရှောင်ယွဲ့ စိတ်တိုလာရသည်။ဂျွတ်ခနဲမြည်သံနှင့်အတူ ကိုင်ထားမိသည့်ခဲတံကို ချိုးလိုက်မိခြင်းသည် သူမကို ပို၍ ဒေါသထွက်စေပြ်ီး အပိုင်းအစများကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်သည်။
ထို့အတူ နောက်ထပ်လက်တစ်ဖက်၌ ကိုင်ထားသည့် ဇာတ်ညွှန်းစာရွက်ကိုလည်း ချေမွပစ်လိုက်ပြီး စက္ကူအပိုင်းအစများဖြစ်အောင် ဆုတ်ဖြဲပစ်ကာ လွှင့်ပစ်လိုက်ပြန်သည်။
ယွီသုံသည် ကော်ဖီခွက်ကိုယူ၍ ရန်ရှင်းရှင်းနှင့်အတူ လမ်းလျှောက်ရင်း တီးတိုးပြောနေကြသည်။" သူက ဘာဖြစ်နေတာလည်း? "
" ငါလည်းမသိဘူး ... ဒီနေ့တစ်မနက်ခင်းလုံး သူ အဲ့ဒီလိုဖြစ်နေတာပဲ။မနေ့ညက နင့်ရဲ့ဖျော်ဖြေမှုကို သူလာမကြည့်ဘူးလားလို့ ငါ နင့်ကို မေးမလို့? "
" ငါလည်း ပွဲပြီးသွားတဲ့နောက်မှာ သူ့ကိုရှာဖို့ သွားခဲ့ပေမယ့် သူက ငါ့ကို ဖုန်းခေါ်လာပြီးတော့ လုပ်စရာရှိလို့ အရင်ပြန်နှင့်မယ်ဆိုပြီး ပြောသွားခဲ့တယ် "ယွီသုံနှင့်ရန်ရှင်းရှင်းသည် တစ်ယောက်ကိုတစ်ယောက် သိလိုစိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြသည်။သူမတို့၏မျက်ဝန်းများထဲတွင် အတင်းပြောလိုစိတ်များအပြည့်ပင်ဖြစ်သည်။
ယွီသုံလည်း ရှန်းရှောင်ယွဲ့ထိုင်နေသည့် စားပွဲသို့သွား၍ တတောက်တောက်ခေါက်လိုက်သည်။
" ဘာလည်း? "ရှန်းရှောင်ယွဲ့သည် ယွီသုံအား ကြည့်ကာ မေးလာသည်။
" နည်းနည်းပိုပြီး ထပ်ညှစ်လိုက်ဦး။နင် ခဲတံဘူးထဲမှာရှိတဲ့ ခဲတံတွေအားလုံးကို ချိုးပစ်လိုက်ပြီလို့ ငါထင်တယ် "ယွီသုံ အမှိုက်ပုံးကို ညွှန်ပြကာ ပြောလိုက်သည်။
ရှန်းရှောင်ယွဲ့လည်း ငုံ့ကြည့်လိုက်သည့်အခါ အမှိုက်ပုံးထဲတွင် ခဲတံအကျိုးများ အမြောက်အများမြင်လိုက်ရသောကြောင့် ထိတ်လန့်သွားသည်။စိတ်ပျက်အားလျော့စွာဖြင့် နောက်ဆုံး၌ သူမလက်ထဲမှ စာရွက်များကို အောက်သို့ချလိုက်သည်။သူမ နားဖို့လိုနေပြီ။
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!