Chapter 6.2

7.1K 1K 7
                                    

Unicode

လူများက မည်မျှပင် အမြန်သွားစေချင်/နှေးစေချင်‌သော်ငြားလည်း အချိန်မှာ ပုံမှန်အတိုင်း ရွေ့လျားလျက်ရှိ၏။

ခွဲစိတ်ခန်းထဲမှ မီးပိတ်သွားသည့်နှင့်တစ်ပြိုင်နက် ပါပါးရှ မတ်တပ်ထရပ်လိုက်သလို ရှဖန်သည်လည်းပဲ ထိုနည်းလည်း‌ကောင်းပင်။

ခဏကြာပြီးနောက် သူနာပြုတစ်‌ယောက်မှ  ကုတင်ကို အပြင်သို့တွန်းလာခဲ့သည်။ပါပါးရှမှာ မာမားရှ၏ကြောက်ရွံ့မှုများဖြင့်ပြည့်နေသည့် မျက်ဝန်းတို့ကို ကြည့်ရှုရင်း ကုတင်နောက်မှ လိုက်ပါလာခဲ့သည်။

" ဒါရိုက်တာဝမ်! "ရှဖန်က ဒါရိုက်တာဝမ်အား အထိတ်တလန့်ဖြင့် လှမ်းခေါ်လိုက်မိသည်။

ဒါရိုက်တာဝမ်သည် နှာခေါင်းစည်းကိုချွတ်လိုက်သည့်အခါ၌ သိသိသာသာပင် ‌ခြေကုန်လက်ပန်းကျနေပုံရသော်လည်း အဖြေကို ပြုံးပြကာ ပြောလာခဲ့သည်။" ခွဲစိတ်မှုက အောင်မြင်ပါတယ် "

ထိုအခါမှ ရှဖန် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။သို့သော် စိတ်လှုပ်ရှားနေသော‌ကြောင့် ဘာပြောရမည်မှန်း မသိတော့ပေ။

" ဘယ်လိုဖြစ်သွားပြီလည်းဟင်? "ထိုအချိန် အိပ်‌ပျော်‌နေရာမှ နိုးလာသည့် ယွီသုံမှာ စိုးရိမ်တကြီးပြေးလာ‌တော့သည်။

" အဆင်ပြေပါတယ်။ငါလည်း ပင်ပန်းနေပြီ။ပြီးတော့ ဘာမှလည်းပြောစရာမရှိတာ့ပါဘူး။အဲ့ဒီအစား မင်းအမေ‌‌နာလန်ထူလာရင်သာ ငါ့ကို အိမ်မှာ ထမင်းဖိတ်ကျွေးပေါ့ကွာ "ဒါရိုက်တာဝမ်က ထိုသို့ပြောပြီး ရှဖန်ပခုံးကို ပုတ်ကာ ထွက်သွားလေသည်။

" အန်တီ အဆင်ပြေရဲ့လားဟင်? "ခွဲစိတ်ဆရာဝန်၏စကားများအရ  ခွဲစိတ်မှုအောင်မြင်ကြောင်း သူမ ယုံကြည်‌သော်လည်း ရှဖန်ထံ၌ အတည်ပြုလိုဆဲဖြစ်သည်။

" အမေ အဆင်ပြေတယ်တဲ့! "ရှဖန်က စိတ်လှုပ်ရှားပြီး ပျော်ရွှင်ဝမ်းသာစွာဖြင့် ယွီသုံအား ပွေ့ဖက်ကာ ပြောလာခဲ့သည်။" အမေ အဆင်ပြေသွားပြီတဲ့!အမေ အဆင်ပြေသွားပြီ! "

" Oh... "ယွီသုံသည်လည်း ရှဖန်၏ကျောပြင်ကို တဖြည်းဖြည်းချင်းဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now