Chapter 51

6.1K 899 22
                                    

Unicode

ရန်ရှင်းရှင်း ဆေးရုံမှဆင်းလာပြီးကတည်းက နေသာသည်ဖြစ်စေ...မိုးရွာသည်ဖြစ်စေ ယွီသုံသည် စွပ်ပြုတ်ပို့ဆောင်ပေးပြီး ခေါင်းလောင်းလေးဆီသို့လည်း လာလည်လေ့ရှိသည်။ရှင်းရှင်းရဲ့သမီးကို ဘယ်လိုလုပ်ပြီး ဒီလို‌ခေါ်ရသလည်းဆိုတော့... ရှန်းရှောင်ယွဲ့က ထိုကလေးငယ်နှင့်ဆော့ကစားရန် အရုပ်မျိုးစုံကိုကိုင်တွယ်ထားသော်လည်း ကလေးငယ်သည် အမြဲတစေ ထို‌အရုပ်‌ခေါင်းလောင်းပေါ်၌သာ အာရုံအကြီးကြီးရလေသည်။ထို့အတွက်ကြောင့် ခေါင်းလောင်းလေးဟု အမည်တွင်သွားရခြင်းဖြစ်သည်။

ယွီသုံသည် ခေါင်းလောင်းလေးနှင့် ဆော့ကစားနေသည်ကို ရှင်းရှင်းမြင်သောအခါ သဘောတကျဖြင့် ပြောလိုက်သည်။" နင်က ကလေးတွေကို အရမ်းချစ်တတ်တာဆ်ို‌တော့ တစ်ယောက်လောက်တော့ မွေးသင့်နေပြီ "

" အဲ့လိုဖြစ်ရင်လည်း ဖြစ်လာမှာပေါ့ "ယွီသုံ ချိုသာစွာ ပြုံးရယ်လိုက်သည်။

" Oh?နင်တို့ ကလေးယူဖို့ ကြိုးစားနေကြတာလား? "ရန်ရှင်းရှင်း အနည်းငယ်အံ့ဩသွားသည်။

" ဟုတ်တယ်! "ယွီသုံ ချက်ချင်းပင် ဝန်ခံလိုက်သည်။

" ကောင်းတာပေါ့ "ရန်ရှင်းရှင်းသည် အစပိုင်း၌ အနည်းငယ် အံ့ဩသွားသော်လည်း ‌တွေးတောနေပြီးနောက် မေးမြန်းလာသည်။" ဒါပေမယ့် သိပ်မကြာခင်တုန်းက ရှဖန်ရဲ့ရည်းစားဟောင်းက ဒီကိုပြန်လာတယ်လို့ ငါကြားလိုက်ရတယ် "

" သူက ရည်းစားဟောင်းပဲလေ...ရှဖန်က သူနဲ့ ဘာလုပ်စရာ‌ရှိနေဦးမှာမို့လို့လည်း? "ယွီသုံ ပခုံးတွန့်ပြလိုက်သည်။

" နင် မပေါ့ဆသင့်ဘူးနော် "ယွီသုံ၏‌ချေငံလှသည့် အပြုံးကိုမြင်သောအခါ ရန်ရှင်းရှင်း သူမကို သတိပေးလိုက်သည်။

" စိတ်မပူပါနဲ့...ငါက နိုးနိုးကြားကြားနဲ့ သတိထားစောင့်ကြည့်နေပါတယ်  " ယွီသုံ မျက်စိမှိတ်ပြလိုက်သည်။

ရန်ရှင်းရှင်းမှာမူ ခေါင်းကိုခါရမ်းပြီး ပြုံးလိုက်သည်။ ထို့နောက် နာရီကိုလှမ်းကြည့်လိုက်ပြီး ယွီသုံကို ပြောလိုက်သည်။" ဝန်ထမ်းတွေနဲ့ စာချုပ်ကိစ္စပြောရဦးမယ်လို့ နင်မပြောဘူးလား?နင် မြန်မြန်သွားသင့်ပြီ... "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Kde žijí příběhy. Začni objevovat