Unicode
နောက်ဆုံးတစ်ခေါက် အသံသွင်းပြီသည့်နောက် ယွီသုံသည် ဇာတ်ညွှန်းစာရွက်ကိုကိုင်၍ အသံသွင်းသည့်အခန်းထဲမှ ထွက်လာခဲ့သည့်အခိုကိ ဖိုသီဖတ်သီပုံစံဖြင့် ပန်းသီးစားနေသည့် ရှန်းရှောင်ယွဲ့ကို တွေ့ရသည်။ယွီသုံ ခေါင်းခါရမ်းလိုက်ပြီး ရှန်းရှောင်ယွဲ့အားမေးလိုက်သည်။" Boss...ဒီနေ့ဘာဖြစ်လို့ အဲ့လိုပုံစံဖြစ်နေရတာလည်း?ခြေထောက်တွေကို အဲ့လိုကားထားတော့ အမြင်ရိုင်းနေတယ် "
" ဒီမှာ ဘယ်သူမှလည်း မရှိတဲ့အပြင် တက္ကသိုလ်မှာကတည်းက အတွင်းခံပဲ ဝတ်ထားတာကိုတောင် မြင်ဖူးနေတာကို အခုမှလာထည့်တွက်နေသေးတယ် "ရှန်းရှောင်ယွဲ့ ထိုသို့ပြောပြီး ယွီသုံအား ပန်းသီးတစ်လုံး လှမ်းပေးလိုက်သည်။
ရှန်းရှောင်ယွဲ့ပေးသည့် ကြီးမားလွန်းလှသော ပန်းသီးကိုကြည့်ရင်း သူမ၏မေးမှာ ညောင်းလာသည်။ထို့ကြောင့် ခေါင်းရမ်းပြလိုက်ပြီး ရှန်းရှောင်ယွဲ့၏အနောက်ဘက်ရှိ ဆိုဖာပေါ်သို့ဝင်ထိုင်ကာ ပြောလိုက်သည်။" ဟေး...နင် projectအသစ်တွေ ရွေးတဲ့အခါမှာ ဒီထက်ပိုကောင်းတာလေးတွေ ရှာစမ်းပါ့ဟာ။ဒီတီဗွီဇာတ်လမ်းတွဲက အရမ်းနုယွနေတော့ စုံတွဲနေရာအသံသွင်းရရင် ငါ ပျို့အန်လုနီးပါး ဖြစ်ဖြစ်နေလို့ "
" ဟားဟား...အဲ့တာကြောင့် ငါကိုယ်တိုင် အသံမသွင်းတာပဲ "ရှန်းရှောင်ယွဲ့ သဘောတကျဖြစ်နေလေသည်။
" နောက်ထပ်တီဗွီဇာတ်လမ်းတွဲတွေက ဒီတစ်ခုလို စိတ်မသက်မသာဖြစ်စရာမျိုးဆိုရင်လည်း နင် ငါ့ကို ပေးမှာပဲမလား "
" ငါ့မှာ' Brother's Baby Sweetheart 'လို့ခေါ်တဲ့ နောက်ထပ်အလုပ်တစ်ခု တကယ်ရှိသေးတယ်။အမျိုးသမီးသရုပ်ဆောင်နေရာမှာ အသံသွင်းဖို့ နင် ဆန္ဒရှိတယ်ဆိုရင် ငါ နင့်အတွက် လုပ်အားခကို နှစ်ဆပေးမယ်လေ "
" သွားလိုက်တော့! "ဇာတ်လမ်းတွဲနာမည် ကြားရုံဖြင့်ပင် ယွီသုံ အန်ချင်သလို ဖြစ်လာသည်။
ရှန်းရှောင်ယွဲ့လည်း ရယ်ရင်းဖြင့် ပန်းသီးများအားလုံး ကုန်စင်အောင် စားပြီးသည့်နောက် ယွီသုံအား ပြောလာခဲ့သည်။" ကိစ္စမရှိပါဘူး...အခုက စောနေတုန်းပဲဆိုတော့ ငါတို့ ဈေးဝယ်ထွက်မလား? "
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!