Chapter 56

6.1K 931 33
                                    

Unicode

ရှဖန်နှင့်ယွီသုံတို့သည် လေဆိပ်ထဲ၌ ရပ်စောင့်နေကြပြီး ဖြတ်သွားသည့် လူအုပ်ကြီးများကို လိုက်ကြည့်နေကြသည်။ဆယ်မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် ပါပါးရှသည် အိတ်အပြည့်ပါသည်တွန်းလှည်းတစ်ခုကို တွန်းလာပြီး သူ၏ဘေးမှ မာမားရှကမူ နေကာဦးထုပ်စောင်းထားကာ ထွက်လာကြ‌လေသည်။၎င်းသည် ဟိုင်နန်မှပြန်လာသည့် လူတစ်ယောက်၏ပုံစံကဲ့သို့ပင်...

" အဖေ...အမေ "ရှဖန်သည် ဖခင်ဖြစ်သူဆီမှ တွန်းလှည်းကို လှမ်းယူလိုက်သကဲ့သို့ပင် ယွီသုံကလည်း မာမားရှကို ပွေ့ဖက်လိုက်သည်။

" ဘယ်သူက မင်းတို့ကိုလာကြိုခိုင်းတာလည်း? "မာမားရှ၏မျက်လုံးများသည် တောက်ပနေသော်လည်း ပါးစပ်ကမူ မကျေမနပ်ပြောဆိုနေလေသည်။

" သုံသုံက လာချင်နေလို့ "ရှဖန်ပြုံးရင်း ယွီသုံပေါ်သို့ ပုံချလိုက်သည်။

၎င်းကို မာမားရှကြားသောအခါ ယွီသုံဘက်သို့ ချက်ချင်းလှည့်ကြည့်လာစဉ် မျက်တွင်းအနည်းငယ်ချောင်ကျနေသည့် သေးသေးသွယ်သွယ်မျက်နှာလေးကို မြင်လိုက်ရသောကြောင့် မသက်မသာဖြင့် မာမားရှက ပြောလာသည်။" oh...မျက်ကွင်းတွေညိုနေတာ ကြည့်ပါဦး။သမီး နောက်ကျမှ အလုပ်ဆင်းရတာကို ဘာလို့ လာကြိုနေရတာလည်း? "

" အဖေနဲ့အမေတို့ ပြန်လာမယ်လည်းကြားရော သမီး အရမ်းစိတ်လှုပ်ရှားပြီး အိပ်မပျော်တော့လို့ပါ "ထိုသို့ပြောပြီး သူမရယ်လိုက်သည်။

စော‌စောက ယွီသုံ၏ အိပ်ချင်မူးတူးဖြစ်နေသည့်ပုံစံကို သတိရသွားပြီး ရှဖန်ရယ်ချင်လာသော်လည်း ဇနီးဖြစ်သူ၏ ကြိုးပမ်းအားထုတ်နေမှုများကို မဖျက်ဆီးလိုပေ။

ယွီသုံ၏စကားကိုနားထောင်ရင်း မာမားရှပြုံးလိုက်သည်။ယွီသုံသည် သူမကို မျက်နှာလုပ်၍‌ပြော‌နေသည်ကို မာမားရှသိသော်လည်း ထိုစကားများကို ကြားရသည့်အခါ သူမ ‌ပျော်ရွှင်နေလေသည်။

၎င်းတို့လေးယောက် လေဆိပ်မှထွက်လာပြီး ရှဖန်သည် မိဘများအား အိမ်သို့လိုက်ပို့လေသည်။ရှဖန်မိဘများ၏အိမ်သည် မြို့ဟောင်းဘက်ခြမ်း၌ တည်ရှိသည်။လမ်းပန်းဆက်သွယ်ရေးသည် ကွာဝေးသော်လည်း နေရာသည် တိတ်ဆိတ်‌ကောင်းမွန်ပြီး လူကြီးများနေထိုင်ရန်အတွက် သင့်တော်ပေသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now