Unicode
ဆောင်းရာသီ၌ အအေးမိခြင်းများဖြစ်ပွားတတ်သည်။ကံမကောင်းစွာဖြင့် ယွီသုံသည် ထိုကိစ္စအား မျှော်လင့်မထားပေ။ယနေ့မနက် နိုးထလာသည့်အချိန်၌ သူမ၏ခေါင်းတစ်ခုလုံး လေးလံကာ ကိုက်ခဲနေလေသည်။
သို့သော် ရှန်းရှောင်ယွဲ့၏ ဆက်တိုက်မရပ်မနားဖုန်းခေါ်ဆိုပြီး နှောင့်ယှက်မှုမတိုင်ခင်အထိ ထိုကိုက်ခဲနေမှုကို လျစ်လျုရှုကာ ပြန်အိပ်လိုက်သည်။
" ဟယ်လို? "အသံမပီမသဖြင့် ယွီသုံ ဖုန်းပြန်ဖြေလိုက်သည်။
" ငါ နင့်ကို နှိုးလိုက်မိတာလား? ဒါမှမဟုတ် နင် အအေးမိနေတာလား? "သူမ၏ပင်ပန်းနွမ်းနယ်နေသည့်အသံကြောင့် ရှန်းရှောင်ယွဲ့က မေးလာသည်။
" နှစ်ခုလုံးပဲ! "ယွီသုံ သူမ၏နဖူးကို စမ်းကြည့်လိုက်သော်လည်း ဖျားနာနေသည်ဟု မထင်ပေ။
" ဒါဆို နင် ဒီနေ့လာနိုင်ရဲ့လား? "
" ဘယ်ကိုလဲ? "သူမ စဉ်းစားကြည့်သော်လည်း ယနေ့၌ ထွေထွေထူးထူးလုပ်စရာမျိုး မတွေးမိပေ။
" ဒီနေ့ဆရာမမွေးနေ့လေ "ထိုအခါ ရှန်းရှောင်ယွဲ့က သူမအား သတိပေးလေသည်။
မွေးနေ့?သူမ မှတ်မိရန် အပြင်းအထန်ကြိုးစားလိုက်သည်။
" ဆရာမလင်းမွေးနေ့က ဒီနေ့လား? "
" နင်ဖျားနေတယ်ဆိုရင် မလိုက်နဲ့တော့လေ။ငါ့ဘာသာပဲ သွားလိုက်တော့မယ် "ထိုသို့ပြောပြီး ဖုန်းချလိုက်သော်လည်း ရှန်းရှောင်ယွဲ့ အနည်းငယ်စိတ်ဓာတ်ကျသွားသည်။
ယွီသုံလည်း နောက်ထပ်နာရီအနည်းငယ်ခန့် အိပ်ပြီးသည့်နောက် အနည်းငယ်ပိုကောင်းလာသလို ခံစားရသည်။ထို့ကြောင့် အိပ်ယာမှထကာ ခေါင်းအုံးကိုမှီလျက် ထိုင်နေပြီး နောက်ဆုံး၌ ဆရာမလင်း၏မွေးနေ့ပွဲသို့ သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ရေနွေးနွေးဖြင့် ရေချိုးပြီးသည့်နောက် ခေါင်းမူးပြေသလိုဖြစ်လာသဖြင့် ရှန်းရှောင်ယွဲ့အား စာပို့လိုက်သည်။
[ ပွဲကျင်းပမယ့်လိပ်စာ ငါ့ကိုပေးဦး ... ငါလာခဲ့မယ် ]
[ ညနေ၆နာရီ...ငါတို့တက္ကသိုလ်အပြင်ဘက်က စီချွမ်စားသောက်ဆိုင်မှာ ]
YOU ARE READING
Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)
RomanceI don't own this story and all credit to the author(s) and english translator(s)!!!