Chapter 45

6.1K 862 27
                                    

Unicode

နက်ပြာရောင် အိပ်ယာခင်းများအကြား ယွီသုံ လေး‌တွဲ့စွာဖြင့် သူမ၏ခန္ဓာကိုယ်ကို လှည့်လိုက်သည်။နာကျင်နေသည့် ခါးသည် သူမ၏လှုပ်ရှားမူတို့ကို ဟန့်တားနေပြီး သက်တောင့်သက်တာမရှိသည့်အသံကို ထွက်ပေါ်လာစေသည်။သူမ မျက်လုံးဖွင့်လိုက်သည့်အခိုက် မနေ့ညက အဖြစ်အပျက်များ အပြေးအလွှားပြန်လည် ဝင်ရောက်လာသည်။အနမ်းတွေ... ချိုသာတဲ့ အပြုံး‌တွေနဲ့သူမအပေါ်မှာလှုပ်ရှားနေခဲ့ ရှဖန်ရဲ့ နွေးထွေးတဲ့ခန္ဓာကိုယ်‌အပါအဝင်ပေါ့...

ယွီသုံ သက်ပြင်းအနည်းငယ်ချလိုက်သည်။

သူမ မ‌လှုပ်ရှားချင်သော်လည်း မနှစ်ကတည်းက မတွေ့ရသည့် ရန်ရှင်းရှင်းကို သတိရသွားသည်။‌ခဏကြာပြီးသည့်နောက် ယွီသုံသည်းခံ၍ ထထိုင်လိုက်သည်။

အညောင်းဆန့်၍ အိပ်ယာမှထရန် ပြင်လိုက်ဆဲတွင် အိပ်ယာ‌ဘေးရှိ စားပွဲပေါ်၌ စာရွက်တစ်ခုကို တွေ့လိုက်ရသောကြောင့် ကောက်ယူ၍ ဖတ်ကြည့်လိုက်သည်။

( သုံသုံ...ကိုယ် မင်းပစ္စည်းတွေအားလုံးကို ‌ရွှေ့ပြီးသွားပြီ။အခုချိန်ကစပြီး မင်းကို ဘယ်နေရာမှာမှ အိပ်ခွင့်မပြုတော့ဘူး )

ဗိုလ်ကျသည့်အသံကြောင့် ယွီသုံ တခစ်ခစ်ရယ်လိုက်သည်။

ရှဖန်၏ရှပ်အင်္ကျီကိုယူ၍ ယွီသုံ ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်။ ကြီးမားသည့် မှန်ချပ်ကြီးပေါ်သို့ကြည့်လိုက်ချိန်တွင် သူမ၏အဖြူရောင်ခန္ဓာကိုယ်ပေါ်၌ အနီရောင်နှင့် ခရမ်းရောင်အမှတ်သားများ စွန်းထင်းနေသည်ကို မြင်လိုက်သည်။သူမ ထိကြည့်ရန် လက်လှမ်းလိုက်သော်လည်း မနေ့ညက ရှဖန်၏ချစ်စိတ်ပြင်းပြနေသည့် အမူအရာတို့ကို ပြန်လည်စဉ်းစားမိပြန်သည်။

ယွီသုံ ခေါင်းခါရမ်းလိုက်သည်။မနက်စောစော ဒီလိုမြင်ကွင်မျိုးကို မြင်လိုက်ရတာပဲ...လက်ထပ်ပြီးသား အမျိုးသမီးတွေအားလုံးက ဒီလိုပါပဲလား?

ယွီသုံ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ရေချိုးရန်လှည့်လိုက်သော်လည်း နံရံကိုမြင်သည့်အခါ မှင်သက်သွားပြန်သည်။အေးစက်နေသည့် နံရံနှင့်ဆန့်ကျင်လျက် သူမ၏ခန္ဓာကိုယ်ကို ထိကပ်လာသည့် ရှဖန်၏ပူနွေးနေသည့်လက်များကို သူမ မှတ်မိသေးသည်။" အဲ့တာက...အဲ့လိုလူက ဘယ်လိုလုပ်ပြီးတော့...သူက ပုံမှန်ဆိုရင် အဲ့ဒီလိုမဟုတ်ပါဘူး "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang