အားကစားပွဲနေ့ ..၊
" မင်းကို အနိုင်ပိုင်းပစ်မယ် "
" စောင့်ကြည့်နေလိုက် ရိပေါ် "
တပ်ရင်းတစ်ခုလုံးဆီက စစ်သားတွေ တဟေးဟေး တဟားဟားအားပေးနေကြတဲ့ အားကစားရုံကျယ်ကြီးရဲ့ အလည်ကွင်းပြင်မှာ ခါးထောက်ရပ်လျက် အကြည့်ချင်း စစ်တိုက်နေတဲ့လူနှစ်ယောက်ရှိလေရဲ့..။ အဲ့သည်လို တစ်ယောက်ကို တစ်ယောက် ကိုင်ပေါက်ပစ်တော့မတတ် ရန်စောင်နေကြတဲ့ လူနှစ်ယောက်က ဗိုလ်ကြီး ကျန်းရီရှင်းနဲ့ ဒုဗိုလ် ၀မ်ရိပေါ်.. ၊
" ဟေ့ကောင်.. သွေးကြောင်ရင် နောက်ဆုတ်လိုက်နော်
ကမ္ဘာတစ်ဝှမ်း အသေကြမ်းမဲ့ ဖေကျန်းဆိုတာ ငါပဲ
အခြေအနေမဂွမ်းခင် ခြေတစ်လှမ်း နောက်ဆုတ်ထားစမ်း! "" ဆောတီးပဲ..
ကျွန်တော်ကလည်း ဇမ္မူတမော် အသေဆော်မဲ့ ဆရာပေါ် ဆိုတာ မသိသေးဘူးထင်တယ် ၊ မသိရင် မှတ်ထားလိုက် ! ဘက်စုံလည်းတော် မဟားတရားဂေါ်တဲ့ ကိုကို့အသည်းကျော် ရိပေါ်ပေါ် ဆိုတာ ကျွန်တော်ပဲ "အပြိုင်အဆိုင် ကာရန်ကိုက်လို့ ရန်စောင်နေတဲ့ အထက်လူကြီး နှစ်ယောက်ကြောင့် ပွဲကြည့်စစ်သားလေးတွေက စက်ကွင်းလွတ်ရာမှာ စုပြုံရပ်နေရင်း ခပ်တိုးတိုး အတင်းတုတ်ကြတယ်၊
" သူတို့က တကယ်ချတော့မှာများလား "
" ရန်ငြိုးတွေ ဘာတွေများရှိလို့လား.. "
" သူတို့က ဘာဖြစ်နေကြတာလဲဟင် "
" အဲ့လောက်ထိစိတ်အားထက်သန်နေကြရင် ငါတို့ဆေးဗိုလ်ကြီးJacksonတော့ ဒီပွဲ ရှုံးပါပြီကွာ .. "
"မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား!
ဖိုင်းယားဒရက်ဂွန်နဲ့ဆိုရင်.. "" အရေးထဲမှကွာ.. "
" တော်ပါတော့..! "
အဲ့သည်လို ဆူညံပွက်လောရိုက်နေတဲ့ တပ်သားတွေနဲ့မတူဘဲ အချင်းချင်းရန်စောင်လုမတတ် တစ်ယောက်ကို တစ်ယောက်ဂျိုကြည့်ကြည့်နေကြတဲ့ တိုက်ပွဲမှာ Wang Jackson တို့က သာသာယာယာဖြစ်လို့နေတယ်၊ သူလည်း M-8 Team ကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲဝင်အဖြစ်ပါရပေမဲ့ နိုင်ဖို့လည်း စိတ်ကူးမရှိ၊ ရန်ဖြစ်နေတဲ့ နှစ်ယောက်ရဲ့ကြားထဲမှာ ငုတ်တုတ်ထိုင်၊ တံတွေးအစင်ခံပြီး ပွဲကြည့်ပိရိသတ်လုပ်လို့နေတယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည် " [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...