Unicode
ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးပါရစေ
ချိန်ယွီကျင်သည် အမွှာအနက် အကြီးဆုံးအစ်မဖြစ်၍ ထူးချွန်သောအမျိုးသားနှင့် လက်ထပ်ရန်စီစဥ်ထားသူဖြစ်သည်။ သို့သော်သူမ၏ သတို့သားလောင်း ကျင်းယုံအမတ်မင်း စေ့စပ်ခွင့်တောင်းခြင်းမှာ သူမ၏ အမွှာညီမဖြစ်သူနှင့် မှားခြင်းဖြစ်ကြောင့် သိလိုက်ရသည်။ သူမ၏ညီမနှင့် ကျင်းလုံအမတ်မင်းသည် အစစ်အမှန်ချစ်ကြသူများဖြစ်ပြီး အလှည့်အပြောင်းအချိုးအကွေ့များကြုံပြီးနောက်တွင် ထာဝရချစ်သူများဖြစ်လာကြ၏။ ထိုအချိန်တွင် ချိန်ယွီကျင်သည် ညီမ၏ လက်ထပ်ပွဲကို လုယူသူ၊ ညီမကိုချောက်ချ၍ ချစ်သူအကြားတွင် မကောင်းကြံသောဗီလိန် ဖြစ်လာသည်။
ဉာဏ်များသောအမ၊ အဆိပ်ပြင်းသော အရင်ဇနီးဖြစ်လာခဲ့သည်။သူမ၏ညီမပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် ချိန်ယွီကျင်၏ လျှို့ဝှက်ကြံစည်မှုကို စောစီးစွာဖော်ထုတ်ခဲ့သည်။ လူတိုင်းက သူမကို အထင်သေးရှုံ့ချကြပြီး သူမ၏စေ့စပ်ထားသောခင်ပွန်းလောင်းက လျစ်လျူရှုထားသည်။ချိန်ယွီကျင်သည် လှောင်ရယ်ကာ သူမ၏ ခင်ပွန်းလောင်းရှေ့တွင်ပင် စေ့စပ်မှုအကြောင်းကြားလွှာကို စုတ်ဖြဲပစ်ခဲ့သည်။
လူတိုင်းက သူမနောင်တရမည့်အချိန်ကို ပျော်ရွှင်စွာစောင့်ကြည့်နေကြသည်။ သို့သော် ကျင်းယုံအမတ်မင်းသည် သူမ၏နောင်တရမှုကိုမမြင်ရခင် သူ၏ဇနီးလောင်းသည် သူမ၏အရင်ဦးလေးတော်သူနှင့် လက်ထပ်သွားသည်ကိုမြင်ခဲ့ရ၏။
ချိန်မိသားစု၏ ဦးလေးကိုးသည် ပုန်းကွယ်နေသောနဂါးဖြစ်သည်။ သူ့၏စွမ်းအားအစစ်အမှန်က လူတိုင်းကို ကြောက်ရွံ့သွားစေ၏။
***
ကလူတတ်သောဇနီးငယ်လေးဖြစ်တဲ့ ချိန်ယွီကျင်က မျက်ခုံးအသာအယာပင့်ကာဆိုလာ၏။
"ကျင်းယုံအမတ်မင်းဟုတ်လား ၊သူကတန်လို့လား။ငါ့ဆီကနေ သူ့ကိုလုယူသွားတာ ငါ့ကိုထိခိုက်မယ်များထင်နေကြတာလား"ပြောရန်မေ့နေသည်က ဦးလေး၉က ချိန်မျိုးရိုး မဟုတ်ပေ။သူ့နာမည်အရင်းက လီချိန်ကျင်းဖြစ်ပြီး အိမ်ရှေ့မင်းသားဖြစ်သည်။
~~
Zawgyi
***
YOU ARE READING
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Historical FictionChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.