Unicode
Chapter(8) အငြင်းအခုံ
ချိန်ယွမ်ကျင်းက အရပ်ရှည်ပြီး ခန့်ညားသည်။ သူက တံခါး၌ ချိန်ယွီကျင်ကို စောင့်နေချိန်မှာ တစ်ခြားသူများ၏ အကြည့်များက လျှို့ဝှက်စွာဖြင့် သူ့ထံတွင် ကပ်ငြိနေသည်။ ချိန်ယွီကျင်က သပ်ရပ်စွာ ဝတ်ဆင်ပြီးနောက် သူတို့က ကန့်လန့်ကာကို မတင်၍ အတူတကွ ထွက်ခွာလာခဲ့ကြသည်။
သူတို့နှစ်ဦးထွက်ခွာသွားပြီးနောက် ရှုံ့အန်းခန်းမက တစ်ဝက်မျှ လစ်ဟာသွားဟန်တူသည်။ ရန့်ရှိနှင့် ချင်းဖူကျွမ်းကျူတို့က အတွေးကိုယ်စီရှိနေကြသည်။ သူတို့က ခဏမျှ မတ်တပ်ရပ်နေကြပြီး သခင်မကြီးချန်း ပင်ပန်းနေပုံပေါ်သော်ကြောင့် ထွက်ခွာရန် အခွင့်အရေးယူကြသည်။
ချွေးမနှစ်ယောက်လုံးက သူတို့လူများကို ခေါ်ထုတ်သွားကြပြီး သခင်မကြီးချိန်တစ်ဦးတည်းသာလျှင် နွေးထွေးဇိမ်ကျသည့် အခန်းတွင် ကျန်ရစ်ခဲ့သည်။ သခင်မကြီးချိန်က နောက်ဆုံးတော့ ဇရာကြောင့်ဖြစ်သော အားနည်းမှုပင် ပြသလာသည်။ သူမက ခေါင်းအုံးပေါ်တွင် မှီရင်း မျက်လုံးများကို ပင်ပန်းသဖြင့် မှိတ်ထားသည်။
သူမ၏ လက်ထပ်ချိန်က ပါလာသည့် အစေခံ ကျန်းမားမားက တိတ်ဆိတ်စွာဖြင့် အနားကပ်လာလာသည်။ သူမက နောက်ထပ်ခေါင်းအုံးတစ်လုံးကို သခင်မကြီး၏ ခါးနောက်တွင် ထားပေးပြီး ညင်သာစွာ မေးမြန်းသည်။ "သခင်မကြီး၊ ဘာများဖြစ်လို့လဲ?"
အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်မှာတော့ ကျန်းမားမားက သခင်မကြီးချိန်က ပြန်မဖြေတော့ဘူးလို့ ထင်မိလိုက်သည်။ ရုတ်တရက် သူမ သက်ပြင်းအရှည်ကြီးချသံတစ်ချက်ကို ကြားလိုက်ရသည်။ "သူတောင် အသက်ဆယ့်ကိုးနှစ်ရှိပြီ။ မျက်စိတစ်မှိတ်အတွင်းမှာ ဆယ့်သုံးနှစ်တောင် ကျော်ဖြတ်သွားပြီပဲ"
ကျန်းမားမားကလည်း အသံတိတ်နေလိုက်သည်။ သူကို နာမည်မတပ်ပေမဲ့လည်း ကျန်းမားမားက နှစ်ပေါင်းသုံးဆယ်ကျော်ကြာ သခင်မကြီးချိန်နောက်လိုက်ခဲ့သည်။ အဘယ်ကြောင့်များ သူမက သခင်မကြီးချိန်၏ အရှုပ်အထွေးကို မသိဘဲ နေပါလိမ့်မည်နည်း?။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ရွှယ်ရှိက သခင်မကြီးချိန်၏ နှလုံးသားထဲတွင် အမြဲမပြတ်နာကျင်စေသည့် ရောဂါတစ်ခုဖြစ်လာလုနီးပါးပင်။
أنت تقرأ
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
أدب تاريخيChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.