Chapter(1.2)

2.7K 338 8
                                    

Unicode

Chapter(1.2)

ပြီးခဲ့သောနှစ် ဆယ့်နှစ်လပိုင်းတွင် ချိန်ယွီကျင်သည် မိခင်ဖြစ်သူနောက်သို့ ရေပူစမ်းအပန်းဖြေစံအိမ်တွင် အပန်းဖြေရန် လိုက်ပါသွားခဲ့သည်။ နင်းဝမ် အပိုင်စားရသည့် နယ်မြေသည် တောင်ပိုင်းတွင်ရှိပြီး ချင်းဖူကျွမ်းကျူသည် မြို့တော်၌ လက်ထပ်ပြီးသည့်နောက်ပိုင်း ထိုနေရာတွင် ဆောင်းရာသီကို မကုန်ဆုံးရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ တော်ဝင်မျိုးနွယ်၏ သမီးတော်ဖြစ်သည်နှင့်အညီ ကြွယ်ဝချမ်းသာလှ​ပေသည်။ ချင်းဖူကျွမ်းကျူ ပိုင်ဆိုင်သော ခြံဝန်းများထဲမှ တစ်ခုတွင် အထူးရေပူစမ်းရှိလေသည်။ ချမ်းဖူကျွမ်းကျူသည် အပန်းဖြေခရီးထွက်ရာတွင် သမီးယောက်မများအား မဖိတ်ခေါ်လျှင် မြင်မကောင်းပေ။ သမီးဖြစ်သူများလည်း သူတို့၏မိခင်များနောက်သို့ လိုက်ပါလာသည်။

ချင်းဖူကျွမ်းကျူ၏ အကြီးဆုံးတိသမီးဖြစ်သူ ချိန်ယွီကျင်လည်း သေချာပေါက်ပင် လိုက်ပါလာသည်။ မမျှော်လင့်စွာပင် သူတို့ရှီရှန်းမြို့သို့ ရောက်သည်နှင့် မြို့တော်ပတ်လည်၌ ဆီးနှင်းများ သုံးရက်သုံးညတိုင်တိုင် ပြင်းထန်စွာ ကျဆင်းမှုကြောင့် တောင်ပတ်လမ်းများ ပိတ်ကာ မိသားစုအားလုံး ခြံဝန်းအတွင်း ပိတ်မိခဲ့သည်။

ချင်းဖူကျွမ်းကျူသည် မိသားစုပိုင်အစေခံများအား သတင်းပို့ခိုင်းပြီးဖြစ်၍ သူတို့အနေဖြင့် ခြံဝန်းအတွင်း၌နေကာ အမတ်မင်းအိမ်တော်မှ အလုပ်သမားများ လမ်းရှင်းပေးမည့်အချိန်ကိုသာ စောင့်ရန်ရှိတော့သည်။ ချင်းဖူကျွမ်းကျူတစ်ယောက် ရေပူစမ်းတွင် ပျော်ရွှင်စွာအနားယူနေစဉ် ချိန်ယွီကျင်သည် သူမ၏ဒုတိယညီမ ပျောက်နေကြောင်း တွေ့ရှိခဲ့သည်။

သူမ၏ဒုတိယညီမဖြစ်သူ ချိန်ယွီ​မော်
သည် ဒုတိယအိမ်တော်ခွဲမှ တစ်ဦးတည်းသော သမီးဖြစ်သည်။ သူမသည် ဒုတိယအိမ်တော်ခွဲမှ သခင်ကြီးနှင့် သူ၏ဇနီးဖြစ်သူ ရန့်ရှိ တို့၏ မျက်လုံးထဲတွင် အဖိုးထိုက်ရတနာလေး ဖြစ်သည်။ ယခုသူတို့၏ ချစ်လှစွာသော သမီးလေးသည် ယခု အဓိကအိမ်တော်ခွဲ၏ အပန်းဖြေခရီးစဉ်တွင် ပျောက်ဆုံးနေသည်။ ချိန်ယွီမော်၏ ဂုဏ်သတင်းကို စိုးရိမ်သဖြင့် ချိန်ယွီကျင်သည် အသက်ကြီး​သည့် အမျိုးသမီးအစေခံအချို့အား လမ်းတွင်စောင့်ကြပ်စေပြီး လျန်ချောင်ကို ချိန်ယွီမော် ဘယ်နေရာတွင်ရောက်နေကြောင်း စုံစမ်းရန် စေလွှတ်ခဲ့သည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Où les histoires vivent. Découvrez maintenant