Unicode
Chapter(14) အမည်ပေးပညတ်ချက်
သခင်ကြီးချိန်၏ဒေါသပေါက်ကွဲမှုက သူ့ကို မူးဝေလာစေသည့်အတွက် အနားယူရန် တွဲ၍ ပို့လိုက်ကြရသည်။ ချိန်ယွမ်ကျင်းက သခင်ကြီးကို သူ့၏ခြံဝန်းဆီသို့ လိုက်ပို့ခဲ့သည်။ အခြားသူများက ခန်းမဆောင်တွင်နေရင်း နှစ်ဦးသားထွက်သွားသည်ကို ကြည့်ခဲဲ့ကြ၏။
သခင်ကြီးချိန်ထွက်သွားပြီးနောက် ချိန်ယွမ်ရှန်းက ဒေါသကိုလွှဲချလာသည်: "အဖေက အပြင်ကကလေးတစ်ယောက်ကို အပစားပေးဘက်လိုက်ဖို့ပဲ သိတယ်။ သူက ဒီနေ့ ကျွန်တော့်ကိုတောင် ရိုက်သေးတယ်။ ဟက်၊ ကံကောင်းအားလျော်စွာနဲ့ ကျွန်တော်က သူ့ထက်အသက်ပိုကြီးပြီး အမေကလည်း အဲ့ဒီအချိန်က ကျွန်တော့်ကို ဆက်ခံသူရာထူးအတွက် သေချာစေလို့သာပါပဲ။ အဲ့လိုမှမဟုတ်ရင်တော့၊ အဖေ့ကိုကြည့်၊ အဖေက ရီချွမ်း အမတ်မင်းအိမ်တော်တစ်ခုလုံးကို သူ့ရဲ့မျိုးမစစ်သားကို ပေးဖို့မစောင့်နိုင်တော့ဘူးလေ"
"အကြီးဆုံးကလေး" သခင်မကြီးချိန်က သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်၊ "အငယ်တွေ ဒီမှာရှိသေးတယ်လေ၊ စကားကိုကြည့်ပြော"
သင့်တင့်သည့်အခမ်းအနားမပါဘဲ ကောက်ယူခံရသည့်အမျိုးသမီးများသည် ကိုယ်လုပ်တော်များသာဖြစ်နိုင်ပြီး အိမ်ထောင်မပြုဘဲမွေးသည့်ကလေးများသည် မျိုးမစစ်များသာဖြစ်၏။ ချိန်ယွမ်ကျင်းက အပြင်တွင် မွေးဖွားခဲ့ပြီး သူ့၏အဆင့်အတန်းက ရှု-ကလေးများထက်ပင် နှိမ့်သေးသည်။ အိမ်ထောင်စုအပြင်ဘက်တွင် မွေးဖွားခဲ့သည့်အပြင် သူက ချိန်မိသားစုထဲသို့ အသက်ခြောက်နှစ်အရွယ်မှပင် ဝင်ရောက်လာခဲ့သေးသည်။ ထိုအရာက သခင်မကြီးအနေဖြင့် ရွှယ်ရှိကို လုံးဝအထင်အမြင်သေးစေခဲ့ပြီး သူမ၏ကလေးများရှေ့တွင်ပင် အခြားမိန်းမအား နှောက်ယှက်သည်ကို မရှောင်ခဲ့ဘူး။ နှစ်ယောက်သားငယ်စဉ်အခါက ရွှယ်ရှိမှာ ရာထူးမြင့်သည့်မိသားစုမှ သခင်မငယ်လေးဖြစ်ပြီး သခင်မကြီးချိန်မှာ သူမ၏ခြေဖျားနှင့်ပင် မယှဉ်နိုင်ပေ။ ရွှယ်မိသားစုပြိုလဲသွားပြီးနောက်တွင် ရီချွမ်းအမတ်မင်းအိမ်တော်က စိုးရိမ်တကြီး အဆက်အသွယ်အားလုံးကိုဖြတ်တောက်ကာ သူတို့၏သားအတွက် အခြားစေ့စပ်ကြောင်းလမ်းမှုပြုလုပ်ပေးရန် ရှာခဲ့ကြသည်။ ထို့ကြောင့် အခွင့်အရေးကြီးက သခင်မကြီး၏ပေါင်ပေါ်ကျရောက်လာခဲ့ရသည်။ သခင်မကြီး၏ ရွှယ်ရှိအပေါ် လိုရာဆွဲထားသည့်အမုန်းတရားက တဖြည်းဖြည်း နောက်မျိုးဆက်များအတွင်းထိပင် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ချိန်ယွမ်ရှန်းက ဆက်ခံသူတစ်ယောက်၊ အနာဂတ်အမတ်မင်းတစ်ယောက်ဖြစ်သည်။ သို့တိုင်အောင် အပျက်မနှင့် မျိုးမစစ်ကောင်ကဲ့သို့သော ညစ်ပတ်သည့်အဆဲစကားများက သူ့ပါးစပ်မှ အလိုလို ထွက်လာသေးသည်။
ŞİMDİ OKUDUĞUN
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Tarihi KurguChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.