Unicode
(ကိုယ် ချန်းဆိုတာကို ချိန်လို့ ပြန်ပြောင်းထားပါတယ်။ MC နှင့် MLနာမည် မကွဲကြဘူးဆိုလို့ MCနာမည်ကို ချိန်ယွီကျင် ၊ MLနာမည်က ချိန်ယွမ်ကျင်း ။ အဲ့လိုလေးဆို နည်းနည်းတော့ ကွဲသွားကြမယ် ထင်ပါတယ်။ အရှေ့ပိုင်းတွေမှာလည်း အကုန်ပြန်ပြင်ပြီးပါပြီ။ )
Chapter(13) ထိခိုက်ဒဏ်ရာရခြင်း
ချိန်မင်၏ အလည်အပတ်လာရောက်မှုကြောင့် ရီချွမ်းအမတ်မင်းအိမ်တော်တွင် အချိန်အတော်ကြာမှ မိသားစု ပြန်လည်ပေါင်းစည်းသည့် ညစာစားပွဲတစ်ခု ရှိလာခဲ့သည်။ စားပွဲများကို ယောင်္ကျားသက်သက်၊မိန်းမသက်သက်ဖြင့် ခွဲခြားထားပြီး၊ ကလေးငယ်များက ပတ်လည်ဝိုင်းကာ လွတ်လပ်စွာ ဆော့ကစားနေကြသည်။ အကုန်လုံးက အမျိုးများဖြစ်ကြ၍ ဓလေ့ထုံးတမ်းများက ပြင်းပြင်းထန်ထန်် သက်ရောက်မှုမရှိတော့ပေ။ သခင်ကြီးနှင့် သခင်မကြီးတို့ကလည်း သူတို့၏မြေးငယ်များ ပတ်ပတ်လည်တွင် ဆော့ကစားနေသည်ကို ကြည့်ရင်း ပျော်ရွှင်နေကြသည်။
ချင်းဖူကျွမ်းကျူ၏ သားအရင်း ချိန်အန်းပေါင်လည်း ရောက်လာသည်။ လက်ထပ်ပြီး ငါးနှစ်ကြာသည်အထိ ချင်းဖူကျွမ်းကျူတွင် ကလေးမရှိသောကြောင့် သခင်မကြီးချိန်က ဦးဆောင်ဦးရွက်ပြုကာ ချိန်ယွီကျင်ကို ချင်းဖူကျွမ်းကျူဆီ ပေးခဲ့သည်။ ထို့နောက်တွင် ချိန်ယွီကျင်ကို မွေးစားခဲ့ခြင်းက ကောင်းမွန်သော ကံကြမ္မာကို ယူဆောင်လာခဲ့သည်။ချင်းဖူကျွမ်းကျူက အသက်သုံးဆယ်အရွယ်တွင် ကိုယ်ဝန်လွယ်ခဲ့ပြီး သားဖြစ်သူ ချိန်အန်းပေါင်ကို မွေးဖွားခဲ့သည်။ သူမသက်လတ်ပိုင်းအရွယ်မှ မွေးဖွားခဲ့သော ကလေးဖြစ်သည့််အပြင် အဖိုးတန်ယောင်္ကျားလေးလည်း ဖြစ်နေသေးသည်။ ပထမအိမ်တော်ခွဲအနေဖြင့် မည်မျှပျော်နေမည်ကို တွေးကြည့်နိုင်သည်။ ထိုအချိန်တွင် ချိန်ယွီကျင်၏ တည်ရှိမှုက ကသိကအောက်ဖြစ်လာခဲ့သည်။
သူမက မွေးပြီးပြီးချင်းပင် ပေးပစ်ခံရသည်။ သူမ၏မွေးမိခင် ရန့်ရှိက သူမနံဘေးတွင် ကြီးပြင်းသည့် ကလေးများကို ပိုချစ်သည်။ ချင်းဖူကျွမ်းကျူက သူမ၏သားကို ပိုချစ်သည်မှာ အသိအသာပင်။ ကြားထဲမှ ချန်းယွီကျင်တွင် ဘာမှ မရှိပေ။ ရန့်ရှိက သူမကို ချမ်းသာသည့် မွေးစားမိခင်ကို နှစ်သက်သည်ဟု စွပ်စွဲသည်။ ချင်းဖူကျွမ်းကျူကလည်း သူမကို အမြဲသတိထားဆက်ဆံပြီး မွေးစားသည့်ကျေးဇူးရှိလင့်ကစား သူမနှင့် မနီးစပ်သည့်အတွက် မျက်လုံးဖြူဝံပုလွေဟူ၍ တွေးတောနေသည်။
ESTÁS LEYENDO
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Ficción históricaChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.