Chapter(12)သက်တော်ရှည်စားသောက်ပွဲ

1.7K 280 21
                                    

Unicode

Chapter(12)သက်တော်ရှည်စားသောက်ပွဲ

ချိန်ယွီကျင်က မနေနိုင်ဘဲ ဒေါသထွက်မိသည်။ သူမကြိုက်သလိုလုပ် ဟုတ်လား? ချိန်ယွမ်ကျင်းက သူမကို အားလုံးရှေ့မှာ သခင်ကြီးချိန်က ခေါ်နေတယ်လို့ ပြောသွားသည်လေ။ သူမက နာခံရုံမှလွဲ၍ ဘာများလုပ်နိုင်ပါမည်နည်း?

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမကို သခင်မကြီး၏အခန်းမှ ချိန်ယွမ်ကျင်း ခေါ်ထုတ်ခဲ့ချိန်ကလည်း သူက တူညီသည့်ခွင့်တောင်းနည်းကို သုံးခဲ့သည်။ ထိုအချိန်က ချိန်ယွီကျင်က သူ့၏ကြင်နာမှုအတွက် ကျေးဇူးတင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏တစ်ဝမ်းကွဲများ ရှိနေသည်။ နေ့လည်ခင်းတစ်ချိန်ကို သုံး၍ ရွှီကျစ်ရှန်းနှင့် နီးစပ်ခွင့်ရမည့် သူမ၏အခွင့်အရေးဖြစ်သည်။ ဤကဲ့သို့သော အခွင့်ကောင်းတွင် ယခု သူက သူမကို ခေါ်ထုတ်သွားမည်တဲ့လား?

ချိန်ယွီကျင်က ဆန္ဒမရှိပေမဲ့ လူတိုင်းရှေ့တွင် သူမက မည်ကဲ့သို့ သူမဦးလေးကို မနာခံဘဲ နေနိုင်ပါမည်နည်း? ချိန်ယွီကျင်က ချိန်ယွမ်ကျင်းကို ပြုံးပြကာ ခြေတစ်ဘက်ရှေ့ထုတ်လျက် ဒူးညွှတ်ကာ ဂါရဝပြုသည်။ ထို့နောက် သူမက မေးသည်။ "ကျွန်မ အခု သွားဖို့လိုအပ်ပါသလားရှင့်?"

ချိန်ယွမ်ကျင်းက ခန်းဆီးကိုမဖယ်ခင် သူမကို အသာအယာအကြည့်တစ်ချက်ပေးကာ အပြင်ထွက်သွားသည်။ ချိန်ယွီကျင်တွင် ရွေးချယ်စရာမရှိတော့သဖြင့် နောက်လှည့်ကာသူမ၏ ဝမ်းကွဲများကို ခေါင်းညိတ်ပြသည်။
"အခု သွားမှာလို့ ခွင့်ပြုကြပါဦးနော်"
ထို့နောက် သူမက အမြန်ထွက်သွားသည်။

ဆင်ဝင်ခန်းတွင် ကျန်ရစ်သူများက ငေးကြောင်ကြောင်ဖြင့် ရပ်နေ၍ တစ်ဦးကိုတစ်ဦး ကြည့်မိကြသည်။ ရွှီနျန်ချွမ်းက ပြတင်းပေါက်သို့ သွား၍ အပြင်ကိုကြည့်ရာ ချိန်ယွီကျင်သည် ချိန်ယွမ်ကျင်းကို မမှီခင်အထိ အမြန်လမ်းလျှောက်သွားသည်ကို မြင်လိုက်သည်။ ထို့နောက် သူတို့က သခင်ကြီးချိန်၏ခြံဝန်းဆီသို့ ဘေးချင်းယှဉ်လျက်လျှောက်သွားကြသည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Hikayelerin yaşadığı yer. Şimdi keşfedin