Chapter(24.1) ပေါ်ပေါက်သွားလေပြီ

697 127 15
                                    

Unicode

Chapter(24.1) ပေါ်ပေါက်သွားလေပြီ

အစကတည်းက ချိန်ယွီကျင်က အဖေနှင့်သားအနေဖြင့် သခင်ကြီးချိန်က ချိန်ယွမ်ကျင်းကို ဆက်ဆံပုံက အလွန်ထူးဆန်းလှသည်ဟု ခံစားမိသည်။ ယနေ့ သခင်ကြီးက လူတိုင်းကို ပြန်လွှတ်လိုက်ပြီး သူ့မျက်လုံးများက တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်။ လက်ရှိတွင် ချိန်မိသားစုဝင်များအားလုံး ရောက်ရှိနေပြီး သမားတော်ကို လိုက်ပို့သည့် ချိန်ယွမ်ကျင်းတစ်ယောက်သာ မရှိနေခြင်းဖြစ်သည်။

မှန်းဆစရာမလိုပေ၊ သခင်ကြီးက ချိန်ယွမ်ကျင်းကို ရှာနေခြင်းဖြစ်သည်။

သခင်ကြီးချိန်က အပြင်းဖျားနေလေသည်၊ အချိန်မရွေး ဆုံးပါးသွားနိုင်သည်။ သခင်ကြီး ချန်ထားခဲ့မည့် ပစ္စည်းဥစ္စာများနှင့် ရာထူးနေရာအတွက် စီမံမှုများက အရေးအကြီးဆုံးဖြစ်သည်။ သို့သော် ဤကဲ့သို့အရေးကြီးသောအချိန်တွင် သခင်ကြီးက သူ၏ကွယ်လွန်ပြီးနောက် ပေးရကမ်းရမည့်ကိစ္စများကို စီမံရန် အလျင်မလိုဘဲ လူတိုင်းကို ပြန်လွှတ်ပြီး ချိန်ယွမ်ကျင်း တစ်ယောက်တည်းနှင့်သာ စကားပြောခဲ့သည်။ ဒီအပြုအမူ၏ နောက်ကွယ်မှ အဓိပ္ပါယ်မှာ နားလည်ရခက်လှသည်။

ချိန်ယွီကျင်က ဤကိစ္စသည် ထူးဆန်းနေကြောင်း ခံစားမိသည်၊ ထို့ကြောင့် သူမက အထူးအစီအစဥ်တစ်ခုပြုလုပ်လေသည်၊ လူတိုင်း၏မျက်လုံးများကို ရှောင်ရှားကာ သခင်ကြီး၏အိပ်ခန်းထဲသို့ ပြန်ပြေးသွားခဲ့သည်။ သူမက တခြားမိသားစုဝင်တွေအစား ချိန်ယွမ်ကျင်းနှင့် တစ်ယောက်တည်း စကားပြောချင်နေသည့် သခင်ကြီး၏စိတ်ထဲတွင် တကယ်ပဲ ဘာတွေရှိနေလဲဆိုသည်ကို သိချင်လှသည်။

ဒီလို ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်ကို သူမ ကြားလိုက်ရမယ်လို့ ဘယ်လိုလုပ်ပြီးများ သူမ သိပါလိမ့်မလဲ?

ချိန်ယွီကျင်က အသိစိတ်လွတ်သွားပြီး အဲ့ဒီနေရာမှာတင် အော်မိတော့မလို့ပဲ။ သူမက သူမရဲ့ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်တယ်၊ တင်းလွန်းအားကြီးတဲ့အတွက် သူမရဲ့လက်ချောင်းလေးတွေပေါ်မှာ သွားရာသေးသေးလေးတွေ ကျန်ခဲ့သည်။ ပထမဆုံးအကြိမ်အနေဖြင့် ချိန်ယွီကျင်သည် သူမ၏အပြုအမူအတွက် နောင်တရလေသည်။ သူမ၏ နားများကို ပိတ်ပြီး ထပ်နားမထောင်ရတော့ဖို့ ဆုတောင်းနေမိသည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Donde viven las historias. Descúbrelo ahora