Chapter(4.1)အိမ်ရှေ့စံ

2.4K 359 6
                                    

Unicode

Chapter(4.1)အိမ်ရှေ့စံ

ချိန်ယွီကျင်က ခြေလှမ်းဆုတ်ပေးပြီး လမ်းဖယ်ပေးလိုက်သည်။ အမျိုးသားကလည်း ယဥ်ကျေးဟန်ဆောင်မနေဘဲ သူမကို ​ဖြတ်လျှောက်သွားသည်။

သူက အရှည်ရှည်ကာ ဖြောင့်စင်းသည်။ ဟော်ချန်းယွမ်ထက်ပင် ရှည်သေးသည်။ သူ၏မျက်ခုံးက ဓားသွားပုံသဏ္ဌာန်ဖြစ်၍ မျက်လုံးများက ကြယ်တာရာသဖွယ်။ နှာတံက ဖြောင့်စင်းနေ၍ သူ၏မျက်နှာတွင် ထင်ရှားသောအနားသတ်များ ရှိသည်။ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှမရှိသော်လည်း သူ အနီးသို့ လျှောက်လာသောအခါ ဟော်ချန်းယွမ်က မရည်ရွယ်ဘဲ နောက်ဆုတ်ပေးကာ ထိုလူအတွက် လမ်းဖယ်ပေးမိသည်။

ဒီအရှိန်အဝါမျိုးက  မွေးဖွားစဥ်ကပင် လူအများကြည်ညိုလေးစားခံရသည့်ဟန်ဖြစ်၍ သာမန်လူများနှင့် သိသိသာသာပင် မတူညီနေပေ။

ချိန်ယွီကျင်းက ချိန်မိသားစုတွင် ထူးခြားကွဲပြားသော လက္ခဏာနှင့်  မိသားစုဝင်တစ်ယောက်ရှိမှန်း သိပြီးသားပင်။ သို့သော်လည်း ထိုပုဂ္ဂိုလ် အိမ်တော်တွင် မနေထိုင်သည်မှာ နှစ်အတော်ကြာလေပြီ။ ဒီနှစ်နှစ်အတွင်း သူက အရာရှိအနေဖြင့် မြို့တော်အပြင်ဘက်တွင် တာဝန်ထမ်းဆောင်နေဟန်တူသည်။ သူမ၏ သူနှင့်ပတ်သက်သည့် မှတ်ဉာဏ်တို့က အလွန်ပင်နည်းပါးလွန်းလှသည်။

ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်က အလွန်ကြီးမားကာ သခင်မကြီးချိန်နှင့် သူမ၏ခင်ပွန်း သခင်ကြီးချိန်တို့ အကြီးအကျယ် စကားများလုနီးပါးပင်။ ထိုအချိန်က ချိန်ယွီကျင် တစ်နှစ်အရွယ်မျှသာရှိသေးသည်။ ထို့ကြောင့် သူမသည် သခင်ကြီးချိန်က ရုတ်တရက်ကြီး ခြောက်နှစ်အရွယ်ကလေးကို အိမ်ခေါ်လာကာ သူနှင့် ရွှယ်ရှိ (ရွှယ်မျိုးရိုး)တို့ အပြင်မှာရလာသော ကလေးဖြစ်ကြောင်း ပြောသည့်နေ့ကို နည်းနည်းမျှပင် သတိမရပါ။ ချိန်မိသားစု၏ သွေးကို အပြင်မှာ လေလွင့်ခွင့် မပြုနိုင်သဖြင့် သခင်ကြီးချိန်က ကလေးကို သူ၏ဘိုး​ဘေးများထံတွင် အသိအမှတ်ပြုရန် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သခင်မကြီးချိန်က ရုတ်ချည်းပင် ပေါက်ကွဲသွားမတတ်​။ အရမ်းကောင်းတယ်၊ သူမကတော့ အိမ်မှာ အလုပ်ကြိုးစားပြီး သူ့မိသားစုကို စောင့်ရှောက်ရတယ်။ ဒါပေမဲ့ အမတ်မင်းကတော့ သူ့မျိုးစေ့တွေကို အပြင်မှာ ဖြန့်ကျဲဝံ့တယ်၊အချစ်ဟောင်းနှင့် မေတ္တာဂဟေပြန်ဆက်ပြီး သူမကို ခြောက်နှစ်အရွယ် တရားမဝင်ကလေးပါ ပေးနေတယ်ပေါ့!

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Donde viven las historias. Descúbrelo ahora