Chapter(21.1) မွေးနေ့

830 194 16
                                    

Unicode

Chapter(21.1) မွေးနေ့

ချိန်ယွမ်ကျင်းက ချိန်ယွီကျင် အရင်က ယောင်္ကျားတစ်ယောက်အား ရွေးချယ်ထားသည်ကို မြင်ဖူးပြီးသားဖြစ်သည်။ သူ သဘောမကျပေမဲ့ စိုးရိမ်ပူပန်ခြင်းလည်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ချိန်ယွီကျင်က ထိုယောင်္ကျား၏ မိသားစုအဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှုကိုသာ တန်ဖိုးထားသောကြောင့် သူ့တွင် ထူးထူးခြားခြားယုံကြည်မှု ရှိနေသည်။

သူမက အဆင့်အတန်းတစ်ခုတည်းကိုသာ ကြည့်လျှင် အကြောင်းမဟုတ်ပေ။ ချိန်ယွီကျင်က အလားအလာရှိသည့် အိမ်ထောင်ဖက်လောင်းများကြား ရှေ့တိုးနောက်ဆုတ်ဖြစ်နေသည်ကို ချိန်ယွမ်ကျင်း ကြည့်နေရသည်က ကလေးတစ်ယောက် အရုပ်ရွေးနေသည်ကို ကြည့်နေရသည်နှင့် အနည်းငယ် တူနေသည်။

သို့သော် ယခုအချိန်မှာတော့ ချိန်ယွီကျင် အစစ်အမှန် သွေးဆောင်ဖျားယောင်းနေပြီဖြစ်ကြောင်း ချိန်ယွမ်ကျင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

လင်းမိသားစုမှ အမျိုးသားများသည် လေးဆယ်အရွယ်တွင် သားမရှိသည့်အချိန်မှသာ ကိုယ်လုပ်တော်ယူနိုင်သည်။ တင်းကြပ်သည့်မျိုးရိုးစဉ်ဆက်လိုက်နာရသည့်စည်းကမ်းကြောင့်သာ သူတို့သားစဉ်မြေးဆက် လေးစားထိုက်သည့် ပညာရှိများ မွေးထုတ်နိုင်ခြင်းဖြစ်လိမ့်မည်။ လင်းချင်းယွမ်နှင့် လင်းမိသားစုသာ သူ့နောက်တွင် ရှိလျှင်ပင် ချိန်ယွီကျင်၏ ရပ်တည်ချက်ခိုင်မာဖို့အတွက် လုံလောက်မည်မဟုတ်ပေ။ ချိန်ယွီကျင်၏နှလုံးသားထဲတွင် လင်းချင်းယွမ်၏လက်ရှိအမှတ်က ဘယ်လောက်ပဲမြင့်နေပါစေ၊ ပိုကောင်းသည့်အခွင့်အရေးပေါ်လာသည်နှင့် သူမက သူ့ကို တွန့်ဆုတ်မနေဘဲ စွန့်ခွာသွားလိမ့်မည်။

ဒါပေမဲ့ သူမက ကိုယ်လုပ်တော်မယူတဲ့အချက်ကို အမှတ်ပိုပေးခဲ့ရင်ရော?

ချိန်ယွမ်ကျင်း မသေချာတော့ပေ။

သူ့အတွေးများက အရမ်းထူးဆန်းလာသည်ကို ချိန်ယွမ်ကျင်း သတိပြုမိသွားသည်။ ချိန်ယွီကျင် လက်ထပ်မည့်အကြောင်းက သူနှင့် ဘာဆိုင်လို့လဲ? လူတစ်ယောက် အရွယ်ရောက်ရင် လက်ထပ်ကြမှာပဲ။ သူ(မ)အတွက် နောင်ရေးသေချာအောင် ခင်ပွန်းရွေးဖို့ ချိန်ယွီကျင်ကြိုးစားနေတာက ဘာမှမသိပဲ လက်ထပ်လိုက်ရတာထက် ပိုမကောင်းပေဘူးလား? မျှမျှတတပြောရရင် လင်းချင်းယွမ်က တကယ်တော်ပါသည်။ မဟုတ်လျှင် ချိန်ယွမ်ကျင်းရဲ့မျက်လုံးထဲပင် ဝင်လာမည်မဟုတ်ပေ။ ချိန်ယွီကျင်၏နာမည်ခံဦးလေးအနေနှင့် သူကပင် ဝမ်းသာပေးရဦးမည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) حيث تعيش القصص. اكتشف الآن