Chapter(18.2)ဧည့်သည်တော်များ

1.2K 168 30
                                    

Unicode

Chapter (18.2) ဧည့်သည်တော်များ

ပြက္ခဒိန်လက တတိယလပိုင်းသို့ ဝင်ရောက်ချိန်တွင် ရာသီဥတုက တဖြည်းဖြည်း သာယာလာသည်၊ ဥယျာဉ်အတွင်းဝယ် သစ်ပင်များက အစို့အညှောက်ထွက်လာပြီး ရောင်စုံပန်းပွင့်များက နေရာအနှံ့တွင် ဖူးပွင့်ဝေဆာနေ၏။ ဝန်းတော်အတွင်းမှ အမျိုးသမီးထုများလည်း ပေါ့ပါးသော နွေဦးရာသီထည်များ စတင်ဝတ်ဆင်လာကြလေပြီ။

ကျင်းနင်ခြံဝန်းထဲတွင် ချိန်ယွီကျင်သည် အဖျားတွင် ရွှေရောင်ကြွေပန်းပွင့် မျဉ်းတစ်လိုင်း ထိုးထားသည့် အဖြူရောင်အပေါ်အင်္ကျီကို ဝတ်ဆင်ထားသည်။ ပန်းပွင့်များက စကတ်ဆီသို့ ကြီးထွားလာကာ ပြန့်နှံ့လာတော့မည့်နှယ်၊ စကတ်မှာလည်း အရောင်တူဖြစ်၍ ရွှေညိုရောင်မျဉ်းများဖြင့် အလှဆင်ထားသည်။ ချိန်ယွီကျင်က သူမ၏ချည်ထိုးသည့်အခန်းထဲတွင် ထိုင်ပြီး တစ်ဖက်မှ အပ်ချည်ကို ပျက်ဆီးခြင်းမရှိစေဘဲ ဒေါင်လိုက်အနေအထားဖြင့် အပ်ထိုးလိုက်သည်။ သူမ၏အပ်ထိုးချက်တစ်ချက်စီတိုင်းက အချိုးအစားကျနလှပြီး နှစ်ဖက်စလုံးကို ဂရုတစိုက်ဆောင်ရွက်နေ၏။ သူမက အခြားစာလုံးကို တစ်ဖက်စီတိုင်းတွင် အပ်ချည်အစွန်းစလေးများကို ဖုံးကွယ်ရန် ချုပ်ချက်တိုလေးများစွာဖြင့် အလျားလိုက်ထိုးနေသည်။

လျန်ချောင်က ဘေးဘက်မှ ကြည့်နေရင်း အံ့အားသင့်၍ အသက်ရှူမှားမတတ်ပင်။ ချိန်ယွီကျင်၏အပ်ပန်းထိုးက ရှားပါးလှသည်၊ သို့ပေမဲ့ တစ်ခုချင်းဆီတိုင်းက လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည်အထိ လက်ရာမြောက်လွန်းလှပေသည်။ သူမ၏လက်ရာများက ပုံမှန်အပ်ချုပ်ပန်းထိုးလက်ရာနှင့် သိသိသာသာပင် ကွဲပြားနေသည်။ အထူးသဖြင့် နှစ်ဖက်လှပန်းထိုးက သေချာပေါက် အံ့ဩဖွယ်စရာကောင်းလှသည်။ လျန်ချောင်က ဤသည်ကို အလွန်အမင်းလေးစားမိသည်။ အကြီးဆုံးသခင်မလေးက မပြီးပြည့်စုံသည့်အရာမျိုးကို တစ်ခါမှပင် မပြုလုပ်ဖူးချေ။ သူမ တစ်ခုခုကိုလုပ်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်နှင့် အကောင်းဆုံးဖြစ်အောင် လုပ်သည်။ သူမအပ်ချုပ်သည့် လှုပ်ရှားမှုပင်လျှင် ချောမွေ့၍ လှပလွန်းသည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Where stories live. Discover now