Chapter(6.1)ဦးလေး နှင့် တူမ

2.2K 349 2
                                    

Unicode

Chapter(6.1)ဦးလေးနှင့် တူမ

ချိန်ယွီကျင်၏အသံက စိတ်အနှောက်အယှက်ဖြစ်မှု အပြည့်နှင့်။ သူမက အလှပြပစ္စည်းလေးဖြစ်သော်လည်း သူမက လှပပြီး အသုံးဝင်နေပါသေးသည်။ သခင်မကြီးချိန်က သူမကို ထောက်ပံ့ပေးရန် ဆန္ဒရှိနေသေးသရွေ့ ချင်းဖူကျွမ်းကျူက သူမနေရာကို မဆုံးရှုံးစေသရွေ့ သူမသည် အမြဲတမ်း ရီချွမ်းအိမ်တော်၏ ဂုဏ်သိက္ခာအရှိဆုံးသော အကြီးဆုံးသခင်မလေးပင်။ လူဘယ်လောက်များများက သူမပြောသည်က အဓိပ္ပါယ်မရှိဘူးလို့ ပြောရဲပါမည်နည်း?။

ချိန်ယွီကျင် သူ့ကို စူးစူးဝါးဝါးကြည့်လိုက်သည်။ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးက လှပသော်လည်း သူမ၏ ခံစားချက်အစစ်အမှန်ကို သူမြင်နိုင်သည်။ချိန်ယွမ်ကျင်းက လက်ရှိသူမကမှ သူ့မျက်လုံးထဲတွင် ပို၍နှစ်လိုဖွယ်ကောင်းသေးသည်ဟု တွေးမိသည်။ သူက ဒီမိန်းကလေး၏ ပြစ်ချက်ကင်းသော အမျိုးသမီးလေးပုံ ဟန်ဆောင်နေသည်ကို တကယ်မနှစ်သက်ပေ။

ချိန်ယွီကျင် ဒေါသထွက်လာသည်။ သို့ပေမဲ့ သူမအရှေ့ရှိ လူက တုန့်ပြန့်မှုသေးသေးပင် မပြဘဲ မေးရဲသေးသည်။"ဒါပဲလား?"

ချိန်ယွီကျင်၏ မျက်လုံးက ပို၍ပင် ပြူးကျယ်လာသည်။ ချိန်ယွမ်ကျင်းက သူမအမူအရာကို အဖြေအဖြစ်သတ်မှတ်ကာ သူ့ခန္ဓာကိုယ်ကို လှည့်၍ သူမကို အလေးအနက်ထားမနေတော့ဘဲ ထွက်သွားသည်။ သည်းမခံနိုင်တော့ဘဲ ချိန်ယွီကျင်သည် အနောက်မှနေ၍ အေးစက်စွာအော်လိုက်သည်။ "ဦးလေး ၉!"
ပြန်မဖြေသဖြင့် သူမဆက်၍ ရပ်မနေနိုင်တော့ဘဲ အမြန်လိုက်ကာ ချိန်ယွမ်ကျင်း၏လမ်းကို ပိတ်ရပ်လိုက်သည်။

ချိန်ယွမ်ကျင်းနောက်မှ အနီးကပ်လိုက်နေသော အခြွေအရံအားလုံးက သူ့၏သရုပ်မှန်ကို သိပြီးဖြစ်သည်။ အစောင့်နှင့်တူသော ကြည့်​ကောင်းသည့်ပုံပန်းသွင်ပြင်နှင့် ယောင်္ကျားက မျက်မှောင်ကြုတ်လိုက်သည်။ ဒီမိန်းကလေးက အိမ်ရှေ့စံရဲ့လမ်းကိုတောင် ပိတ်ရပ်ရဲတယ်၊ သတ္တိအတော် ကောင်းတာပဲ။

ထိုယောင်္ကျားက လျင်လျင်မြန်မြန်ပင် အသံကျယ်ကျယ်ဖြင့် ကြားဝင်ဖြတ်လိုက်သည်။"အကြီးဆုံးသခင်မလေး ချိန်......."

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Where stories live. Discover now