Unicode
Chapter(7.1) ပြဿနာတွင်းမှ ကယ်ထုတ်ပေးခြင်း
သခင်မကြီးချိန်က သူမဘာကြောင့် ရုတ်တရက် ဤကဲ့သို့ အတွေးမျိုးတွေးရသနည်းဟု အံ့ဩမိသည်။ ရှုပ်ထွေးသောအတွေးတို့ကို ဖယ်ထုတ်လိုက်ပြီး သူမက ချိန်ယွီကျင်ကို မေးလိုက်သည်။ "အကြီးဆုံးမိန်းကလေး၊ မင်းနဲ့ အမတ်မင်းဟော်ကြားမှာ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ?"
ချိန်ယွီကျင်မျက်နှာပေါ်က အပြုံး မှိန်ကျသွားသည်။ ရှုံအန်း ခန်းမသည် ခုအချိန်မတိုင်ခင်အထိ နွေးထွေးလှသော စကားစမြည်ပြောခြင်းဖြင့် ပျားပန်းခတ်မျှ လှုပ်ရှားနေရာမှ ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်း၏ မျက်လုံးများက ချိန်ယွီကျင်အပေါ် ကျရောက်လာသည်။ ချိန်ယွမ်ကျင်းပင် သူမကို ဖြစ်တောင့်ဖြစ်ခဲသနားသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
ဒီတူမက အတွေးနက်နဲ၍ ကိစ္စရပ်များကို မရိုးမဖြောင့်ဖြေရှင်းပေမယ့်လည်း ဒီကိစ္စမှာတော့ သူမက ခံရသူအစစ်အမှန် ဖြစ်၏။ ဥပမာအားဖြင့် ဟော်ချန်းယွမ်က စေ့စပ်မှုကို ဖျက်ဆီးသည့်သူဖြစ်ကြောင်း ရှင်းလင်းလှသည်။ သို့တိုင်အောင် လူတိုင်းက သူမကို သူမက ခင်ပွန်းလောင်းကို သူမကိုလက်ထပ်ဖို့ ငြင်းဆန်အောင် တစ်ခုခုအမှားလုပ်မိသလားဟု စစ်ဆေးနေကြသည်။
ချိန်ယွီကျင်က သူမခေါင်းကိုငုံ့လိုက်သည်။ သူမ၏ မျက်တောင်ရှည်များဖြင့် ဖုံးကွယ်ထားသောကြောင့် အခြားသူများက သူမ၏ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ခဏကြာပြီးနောက် သူမက တိုးတိုးလေးပြောလိုက်သည်။ "ဒီမြေးမက မသိပါဘူး"
"မသိဘူးဟုတ်လား?" သခင်မကြီးချိန်က အပြည့်အဝ သံသယ ဝင်နေသည်။ "တကယ်လို့ မင်းမသိရင် ဘာလို့ အမတ်မင်းဟော်က မင်းရဲ့စေ့စပ်မှုကို ဖျက်သိမ်းမှာလဲ? မင်းသာတကယ်မသိရင် ဘာလို့ အပြေးလာပြီး စေ့စပ်ကြောင်းလမ်းမှုစာချုပ်ကို အားလုံးရှေ့မှာ ဆုတ်ဖြဲရတာလဲ?"
YOU ARE READING
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Historical FictionChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.