Chapter(25.3)အရှင့်သား

851 100 17
                                    

Unicode

Chapter(25.3)အရှင့်သား

ချိန်ယွီကျင်က လက်ကိုင်ပုဝါကိုသုံး၍ သူမ၏မျက်လုံးများကို သုတ်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ထလိုက်လေသည်။ ချိန်ယွမ်ကျင်းက ချိန်ယွီကျင်၏ ကျွမ်းကျင်လှစွာသော မျက်ရည်သုတ်သည့် လှုပ်ရှားမှုကို မြင်သောအခါ ကြက်သေသေနေသော ဦးနှောက်က ရုတ်တရက် လှုပ်ရှားလာသည်။ သူသည် မိန်းကလေးကို စကားမပြောဘဲ စိုက်ကြည့်နေ၏: မင်းက တကယ်ကို.... ကျွမ်းကျင်တာပဲ

ချိန်ယွီကျင်၏မျက်နှာပေါ်မှ မျက်ရည်များက မခြောက်သေးပေ။ သူမက ချိုသာစွာ ပြုံးပြလိုက်ပြီး : အရှင်က စိတ်သဘောထားပွင့်လင်းပြီး သဘောထားကြီးလှပါပေတယ်ကျွန်တော်မျိုးမကရှင့်ကို အစစ်အမှန် လေးစားမိပါတယ်

နဂိုကတည်းက ချိန်ယွမ်ကျင်းတွင် လှပသော မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားလေသည်။ ငိုပြီးနောက်တွင် မျက်ရည်များက သူတို့ကို ပိုတိုးလို့ပင် ဆွဲဆောင်အားကောင်းလာစေသည်။ ယခု သူမက မျက်လုံးလေးမှိတ်၍ ပြုံးပြလိုက်သည်၊ သူမ၏ အသွင်အပြင်က လူတို့၏ နှလုံးသားကို နာကျင်စေပြီး ပြောမပြနိုင်သော အလိုရမ္မက်ကို ခံစားမိစေသည်။ ချိန်ယွမ်ကျင်းက ချက်ချင်းလက်ငင်းဆိုသလို အသံတိတ်နှင့် အကြည့်လွှဲလိုက်သည်။

သူမက အမြဲတမ်း လျှာရေးကောင်းပြီး သခင်ကြီးနှင့် သခင်မကြီးအပါအဝင် အခြားသူများကို ကျေနပ်သဘောကျစေရန် သူမ၏ အရည်အချင်းကို အသုံးပြုတတ်သည်ကို သူ မြင်ဖူးခဲ့ပါသည်၊ ယခုမှာတော့ ပစ်မှတ်သည် သူကိုယ်တိုင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ၊ ရုတ်တရက်ဆိုသလို အတိတ်ဆီက ဘုရင်ဧကရာဇ်တို့ ဘယ်လိုအကြောင်းကြောင့် ရွှန်းရွှန်းဝေအောင် ပြောတတ်သည့် ဝန်ကြီးများ၏ လှည့်ဖြားခြင်း ခံကြရသည်ကို ရုတ်ချည်းပင် သဘောပေါက်သွားသည်။ ချိန်ယွမ်ကျင်းတစ်ယောက် ကူကယ်ရာမဲ့သွားလေသည်။ သို့ပေမဲ့လည်း သူသည် ချိန်ယွီကျင်ကို ထိခိုက်အောင်လုပ်ရန် ရည်ရွယ်ချက်မျိုးမရှိပါပေ၊ သူ့အား လိမ်ညာနေခြင်းကို မကျေနပ်ရုံသာ ဖြစ်သည်။ အခု သူမ၏အမှားကို ဝန်ခံပြီး သနားစဖွယ် တောင်းပန်လာရာ ချိန်ယွမ်ကျင်းအနေဖြင့် သူမကို လွှတ်ပေးသင့်ပေသည်။

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: May 17 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Hikayelerin yaşadığı yer. Şimdi keşfedin