Unicode~
Chapter(5.2)
သခင်ကြီးချိန်က ချိန်ယွမ်ကျင်းကို ပြောပြခြင်းဖြစ်သော်လည်း ချိန်ယွီကျင်က မသိပေ။ ထို့ကြောင့် သူမက ပြန်ဖြေခဲ့သည်။ "နောက်ဆုံးစမ်းစစ်ရမယ်ဆိုရင် ဟော်ချန်းယွမ်က အိမ်ရှေ့မင်းသားအရှိန်အဝါအပေါ်မှာ မှီခိုနေရတာပါပဲ။ ဧကရာဇ်က အိမ်ရှေ့စံကို လွမ်းနေတာကြောင့် အရှင့်ရဲ့ နှစ်လိုမှုက ဟော်မိသားစုအပေါ် ဖိတ်လျှံတဲ့သဘောပါ။ ဒါကို မသိဘဲ အဲ့ဒီမိသားစုက ဂုဏ်မောက်နေကြတာ"
သခင်ကြီးချိန်က ဒီလိုမှတ်ချက်မျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူ ချိန်ယွီကျင်ကို ပါးစပ်အဟောင်းသားဖြင့် တအံ့တဩ ကြည့်မိသည်။ ဒီမိန်းကလေးက အိမ်ရှေ့စံကို ဒီလိုလေသံနှင့် ပြောရဲတယ်။ တကယ်လို့ သူက သာမန်ဖြတ်သွားဖြတ်လာ တစ်ယောက်ဖြစ်ရင်တောင်မှ သူမသတ္တိ တကယ်ကောင်းတာပဲ!
ချိန်ယွီကျင်လည်း သူမအဖိုးက သူမ မလုပ်သင့်သည့်အရာပြုလုပ်မိသည့်ပုံမျိုး တုန့်ပြန်သည့်အတွက် ထိတ်လန့်သွားသည်။ "သမီး..... သမီးမကောင်းတာတစ်ခုခု ပြောမိသွားလို့လား?".
တစ်ဖက်မှာတော့ ချိန်ယွမ်ကျင်းက ညင်သာစွာရယ်နေသည်။ သူက ချိန်ယွီကျင်အခန်းထဲ ဝင်လာကတည်းက ခပ်ဖျော့ဖျော့ပြုံးနေခဲ့ပေမဲ့ ယခုကြားရသော ရယ်သံလောက် စစ်မှန်မှုမရှိပေ။
ဒါက သူ၏စိတ်ခံစားမှု ပထမဆုံးအကြိမ် ဖော်ပြဟန်နှင့်တူ၍ ချိန်ယွီကျင်လည်း အံ့ဩသွားသည်။ သခင်ကြီးချိန်လည်း ရုတ်ချင်း စိတ်သက်သာရာရသွား၍ ပြုံးလာသည်။
သူ ဒီလောက် စကားတွေအကြာကြီးပြောနေကြတာတောင် အိမ်ရှေ့စံက ကောင်းတဲ့တုံ့ပြန်မှုမျိုး နည်းနည်းလေးတောင်မပေးဘူး။ အရှင့်သားက ဒီအမှုထမ်း အခက်အခဲမရှိဘဲနေဖို့တောင် မလိုလားဘူးပဲ။ မမျှော်လင့်ဘဲ ဒီမိန်းကလေးက သာမန်ကာလျှံကာ ရှင်းပြလိုက်ပေမဲ့ အိမ်ရှေ့စံရဲ့ နာကျင်မှုကို ပျောက်သွားစေပြီး သူ့ကို ရယ်မောအောင်တောင် လုပ်နိုင်လိုက်တယ်။
VOCÊ ESTÁ LENDO
"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation)
Ficção HistóricaChapters-144+2(extra chapters) Genere-Drama,Josei,Romance I have permission to translate this novel from original english translator.