Chapter(11)တူညီသည့် နည်းဗျူဟာအား နှစ်ခါသုံးခြင်း

1.7K 282 45
                                    

Unicode

Chapter(11)တူညီသည့်နည်းဗျူဟာအား နှစ်ခါသုံးခြင်း

သခင်မကြီးချိန်က အတွင်းခန်း၌ တစ်ရေးအိပ်ပြီး ချိန်မင်ကလည်း တက်ကြွနေသောအငယ်များအား စောင့်ကြည့်မနေတော့ဘဲ ထားခဲ့ကာ အနားယူတော့၏။ သူတို့သည် အနားယူစရာမလိုသလို မည်သည့်အကြီးများမှလည်း စောင့်ကြည့်မနေကြပေ။ သူတို့ချက်ချင်းပင်  ပျော်ပါး​ရန်အတွက် လူစုကြတော့၏။

ရွှီကျစ်ရှန်းက အမျိုးသမီးများကြားတွင် ကြီးပြင်းခဲ့ရ၍ ညီအစ်မတစ်အုပ်စုနှင့် စကားပြောရန် ကြောင်တောင်တောင်ဖြစ်မနေပေ။ သူက ချိန်ယွီမော်နှင့် ပန်းချီစာအုပ်ကြည့်ရန် စုအုံနေကြသည်။ ရွှီနျန်ချွမ်းက သူတို့ကို မြင်သော် သူမ၏ဖိနပ်ကို ချွတ်ကာ ဝင်ပူးပေါင်းတော့သည်။

ဤအချိန်တွင် ချိန်ယွီကျင်က ဘေးထွက်နေရသည်။ အမှန်အားဖြင့် သူမသည် ဤကဲ့သို့သောကိစ္စရပ်တွင်  ဝင်မရောချင်ပေ။ သို့သော် သူမ၏ပစ်မှတ်အသစ်ဖြစ်သော ရွှီကျစ်ရှန်းက ရှိနေသည်။ သူမက ပြန်လှည့်၍ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ချိန်ယွီကျင်က စိတ်ရှည်စွာ ထိုင်၍ စောင့်နေ၏။

ခဏကြာသော် ချိန်ယွီကျင်က ခွေးခြေတွင်ထိုင်ကာ တစ်ယောက်တည်း လက်ဘက်ရည်သောက်နေရှာသော ရွှီမ်ချွမ်းကို တွေ့လိုက်သည်။ သူမက သူမ၏ တိ မောင်နှမနှစ်ယောက်နှင့် သူတို့မိခင်အိမ်တော်သို့ အလည်လာရာတွင် လိုက်ပါလာခဲ့သော်လည်း သူမက ရင်းနှီးစွာဖြင့် ဝင်မရောနိုင်ပေ။ ရွှီကျစ်ရှန်းက သူ့ညီမမော်နှင့် စာအုပ်အတူဖတ်နေပြီး ခဏကြာသော် ရွှီနျန်ချွမ်းပါ ဝင်ပါခဲ့သည်။ သို့သော် ရွှီနျန်ချွမ်းက တိသမီးတစ်ယောက်ဖြစ်၏၊ သူမသာ ဝင်ပေါင်းချင်ပါက လွယ်လင့်တကူပင် ဝင်ပါနိုင်သည်။ ဤသည်က ရွှီဝမ်ချွမ်းကို စိတ်ရှုပ်ထွေးပြီးရှက်ရွံ့စေကာတစ်ယောက်တည်း ကျန်နေစေခဲ့သည်။ ထို့ပြင် သူမက အရှက်အကြောက်ကြီးသေးသည်။ ထို့ကြောင့် သူမက တစ်ယောက်တည်းထိုင်ကာ သူမစကတ်ပုံစံကို ငုံ့ကြည့်နေပြီး လက်ဘက်ရည်သောက်နေရသည်။

"မင်္ဂလာပါ ဦးလေးကိုး"(Myanmar Translation) Où les histoires vivent. Découvrez maintenant